Chapter 28

2.2K 277 2
                                    

Chapter 28 –  ကျန်းကျွင်းမော့

.
ထိုအချိန်တွင် လုရှသည်လုံးဝကြက်သေသေသွားသည်။ သူမဘေးမှာထိုင်နေတဲ့သူကို အရင်ကမြင်ဖူးတာကြောင့်ပင်။ မြင်ဖူးရုံတင်မကဘူး သူ့အပေါ်နက်ရှိုင်းတဲ့ထင်မြင်ချက်ရှိခဲ့တာ။

ဒါကပန်းခြံထဲမှာကြင်ဖက်တွေ့နေစဉ် သူမတွေ့ခဲ့တဲ့ထမင်းပျော့*လေးနဲ့တစ်ယောက်တည်းမဟုတ်ဘူးလား?

(T/N ထမင်းပျော့ကအလုပ်ကြိုးကြိုးစားစားမလုပ်ပဲ အဲ့ဒီအစားမွေးစားခံချင်တဲ့သူပါ)

သူလည်းဘယ်လိုဖြစ်ပြီး ကျေးလက်ကိုသွားရခြင်းနဲ့အဆုံးသတ်သွားရတာလဲ?

သူသာကျေးလက်ကိုသွားမှာဆိုရင် ဘာလို့အရင်ကကြင်ဖက်သွားတွေ့ခဲ့တာလဲ?

လုရှအတွေးတွေထဲမှာနစ်မျောနေစဉ် ရထားသည်ဖြေးညင်းစွာစတင်ရွေ့လျားတော့သည်။ တစ်ခါတရံအော်ဟစ်သံ၊ရှိုက်ငိုသံတို့နဲ့အတူ ရထားအတွင်းအပြင်ကလူတွေသည် လက်ဝေ့ယမ်းကာနှုတ်ဆက်နေကြသည်။

အပြင်ကလူတွေကိုနှုတ်ဆက်စကားဆိုပြီးနောက် ကုရှန့်နန်သည်နေရာမှာပြန်ထိုင်ပြီး လုရှဘေးကလူကိုနွေးထွေးစွာနှုတ်ဆက်လိုက်သည်။
" မင်္ဂလာပါ ရဲဘော် ကျွန်တော့်နာမည်ကကုရှန့်နန်ပါ လျောင်နင်စီရင်စုကိုသွားမဲ့ ပညာတတ်လူငယ်တစ်ယောက်ပါ ခင်ဗျားကရော?"

သူ့အရှေ့ကလူသည် သူ့ကိုတစ်ချက်ကြည့်လာပြီး " ကျွန်တော်ကကျန်းကျွင်းမော့ပါ ကျေးလက်ကိုသွားမဲ့ပညာတတ်လူငယ်တစ်ယောက်ပါပဲ"

" တကယ်လား? ရဲဘော်ကျန်းဘယ်ကိုသွားမှာလဲလို့ သိပါရစေ ရဲဘော်လုရှနဲ့ကျွန်တော်တို့နှစ်ယောက်စလုံး လျောင်နင်စီရင်စုကိုသွားကုမှာ"
ကုရှန့်နန်မေးလိုက်သည်။

ကုရှန့်နန်နဲ့ကျန်းကျွင်းမော့တွေ အပြန်အလှန်စကားပြောနေစဉ် လုရှမှာတော့လုံးဝကြက်သေသေလျက်ရှိသည်။

ဘာကြီး ကျန်းကျွင်းမော့?

ဒီနာမည်ကဘာလို့ ဒီလောက်ရင်းနှီးသလိုရှိနေတာလဲ?

သူကဇာတ်လိုက်နာမည်ကကုရှန့်နန်ဆိုတဲ့ သူမဖတ်ခဲ့တဲ့ခေတ်ဟောင်းဒရာမာဝတ္ထုထဲက ဇာတ်ကောင်တစ်ခုနာမည်မဟုတ်ဘူးလား?

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now