Chapter 86

1K 187 0
                                    

Chapter 86 –  ဓာတ်ပုံများရိုက်ခြင်း

.

ဓာတ်ပုံဆရာရဲ့စကားကြောင့် လုရှနဲ့ကျန်းကျွင်းမော့တို့မှာမျက်နှာရဲသွားကြသည်။

ဓာတ်ပုံဆရာသည်အခြေအနေကိုချက်ချင်းနားလည်သွားသည်။ သူတို့နှစ်ယောက်ကကြင်စဦးတွေမလို့ နည်းနည်းရှက်ကိုးရှက်ကန်းဖြစ်နေကြတာဖြစ်နိုင်သည်။ သူကပြုံးလိုက်သည်။

" ဘယ်လိုဓာတ်ပုံမျိုးရိုက်ချင်ကြလဲ? အဝတ်အစားတွေလဲဖို့လိုလား? ကျုပ်တို့ဒီနေရာမှာစစ်တပ်ယူနီဖောင်းတွေရှိတယ် မင်းတို့လဲဝတ်ချင်ရင် ဆယ်ဆင့်ကျမယ်"

ကျန်းကျွင်းမော့ကစကားပြောကောင်းသူမဟုတ်ဘူးဆိုတာသိထားသဖြင့် လုရှကပဲပြောလိုက်သည်။ " မလဲတော့ပါဘူး ကျွန်မတို့အဝတ်အစားတွေနဲ့ပဲ နှစ်ယောက်ပုံတစ်ပုံ တစ်ယောက်ချင်းပုံတစ်ပုံစီ‌ရိုက်မယ်"

သူတို့အဝတ်အစားတွေမှာအဖာအစပ်တွေတစ်ခုမရှိတာကြောင့် လဲလှယ်ဝတ်ဆင်ရန်မလိုသဖြင့် ဓာတ်ပုံဆရာသည်အတင်းအကျပ်မတိုက်တွန်းတော့ပေ။ သူတို့သည်နှစ်ယောက်တွဲပုံအရင်စ,ရိုက်လိုက်ကြသည်။ ဓာတ်ပုံဆရာကသူတို့ကိုထိုင်ရန်ပြောကာ ခန္ဓာကိုယ်တစ်ပိုင်းပုံရိုက်ယူလိုက်သည်။

ဒါပေမဲ့ ကျန်းကျွင်းမော့သည်အနည်းငယ်တောင့်တင်းနေပုံရပြီး လုရှနဲ့ဝေးဝေးမှာထိုင်နေသည်။

ဓာတ်ပုံဆရာသည်ဒါကိုမြင်လိုက်ရတော့ တိုက်ရိုက်ပြောလိုက်သည်။
" လူငယ်လေး မရှက်ပါနဲ့ မင်းဇနီးနဲ့နီးနီးကပ်ကပ်ထိုင်လေ"

'ဇနီး'ဆိုတဲ့စကားလုံးကိုကြားလိုက်ရသဖြင့် ကျန်းကျွင်းမော့နားရွက်တွေနီတွတ်သွားပေမဲ့ နီးနီးကပ်ကပ်တိုးလာခဲ့ပါသည်။

ဒါပေမဲ့ ဓာတ်ပုံဆရာမှာစိတ်မကျေနပ်သေးပေ။
" မင်းတို့ပခုံးတွေချင်းထိနေသင့်တယ် ခေါင်းတွေကိုအတူတူစောင်းလိုက်ကြ လူငယ်လေးကနည်းနည်းပြုံး အရမ်းတည်တည်ကြီးမနေနဲ့ မိန်းကလေးလိုမျိုးပြုံးချေ"

ဒီစကားကြားလိုက်ရတော့ လုရှသည်ကျန်းကျွင်းမော့ကိုတစ်ချက်ကြည့်လိုက်ရာ အမှန်ပင်သူ့ပုံကတည်တည်ကြီးနဲ့ တင်းမာတဲ့မျက်နှာထားဖြင့် စစ်မြေပြင်သွားတော့မယ့်ပုံပေါက်နေသည်။ မသိရင်သူများက သူအတော်လေးမလိုလားဘူးလို့ ထင်သွားနိုင်သည်။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Tempat cerita menjadi hidup. Temukan sekarang