Chapter 62

1.4K 190 0
                                    

Chapter 62 – ဟူကျန့်ကျွင်း

.

စည်သွပ်ထားတဲ့အဝါရောင်မက်မွန်သီးတွေက တကယ်ကိုအရသာရှိသည်။ လူအရေအတွက်အများအပြားဖြင့်ဆိုတော့ တစ်ယောက်ချင်းစီကို အသီးတစ်ဖက်ရရှိကြသည်။

တစ်လုပ်စားလိုက်သည်နှင့် လုရှမျက်လုံးလေးတွေမှေးကျဉ်းသွားကာ အရသာကအတော်ကောင်းတယ်လို့ သူမဘာသာတွေးလိုက်မိသည်။ အရင်တုန်းကစည်သွပ်စားစရာလက်မှတ်တချို့ မယူခဲ့လို့နောင်တရမိသွားသည်။ စည်သွပ်အစားအစာတွေကဒီလောက်အရသာကောင်းမယ်မှန်း သူမမမျှော်လင့်ထားခဲ့ပေ။

တစ်ဖက်တွင် ကျန်းကျွင်းမော့သည်သူမမျက်နှာအမူအရာကနေ သူမထိုစည်သွပ်အစားအစာကိုကြိုက်တယ်ဆိုတာ ပြောနိုင်သည်။ သူ့မှာစည်သွပ်စားစရာလက်မှတ်နှစ်ခုရှိနေသေးတာကို သူမှတ်မိသည်။ နောက်မှသူမအတွက်သွားဝယ်ပေးလို့ရသည်။ ဒါဆို သူမကသူ့အတွက်အသားတွေပိုချက်ပေးဖို့ ဆန္ဒရှိချင်ရှိလာမှာပဲ။

သူတို့မှာအသားနဲ့စည်သွပ်စားစရာတွေရှိတာကြောင့် လူတိုင်းသည်ညနေခင်းမှာစိတ်အခြေအနေကောင်းမွန်နေကြသည်။ သူတို့ကစောစောအနားယူဖို့ ပြန်မသွားကုပဲ ခြံဝင်ထဲမှာထိုင်ပြီးစကားပြောနေကြသည်။

ထိုအခိုက်တွင် လုရှသည်ရုတ်တရက်တစ်ခုခုကိုတွေးလိုက်မိပြီး စွင်းရှန်းနန်ကိုမေးလိုက်သည်။
" အစ်မရှန်းနန် စည်းမျဉ်းစည်းကမ်း ရွာထဲကမိသားစုတွေကကြက်နဲ့ဝက်တွေမွေးခွင့်ရှိတာ ကျွန်မသတိထားမိတယ် ပညာတတ်လူငယ်တွေကိုကော ပညာတတ်လူငယ်များနေရာမှာမွေးခွင့်ပေးထားလား?"

စွင်းရှန်းနန် ခေါင်းညိတ်လိုက်သည်။
" အင်း ခွင့်ပြုထားတယ် တကယ်တော့တို့တွေအရင်ကဒီအကြောင်းဆွေးနွေးခဲ့ကြဖူးတယ် ဒါပေမဲ့ ဝက်ခြံနဲ့ကြက်ခြံတွေဆောက်ဖို့က ငွေသုံးဖို့လိုပြီး သူတို့ကိုအစာကျွေးဖို့ တစ်ယောက်ယောက်ကဂရုစိုက်ပေးရမှာကြောင့်ရယ် ပြီးတော့အနံ့ပြင်းပြင်းတွေကြောင့်ရယ် ဆွေးနွေးပြီးတဲ့နောက် ငွေအများအပြားလိုအပ်မှာကိုသိလိုက်တော့ အားလုံးရဲ့ဆန္ဒမဟုတ်တာကြောင့် မလုပ်ဖြစ်ခဲ့ဘူး"

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now