Chapter 80

1.1K 181 0
                                    

Chapter 80 – အဖြစ်အပျက်များနောက်ကွယ်ကလက်သည်

.

ချန်းအာ့ကိုသူမအများကြီးလုပ်လို့မရဘူးဆိုတာ လုရှသိပေမဲ့ ဒီလောက်အလွယ်တကူလွှတ်ပေးလိုက်ဖို့လည်းဆန္ဒမရှိပေ။

ကျွမ်းဟုန်မိန်သူမကိုပစ်မှတ်ထားတဲ့အကြောင်းတွေးကြည့်လိုက်တဲ့အခါ ပွင့်ပွင့်လင်းလင်းပဲပြောလိုက်သည်။
" နင်ဒီအတိုင်းပဲထွက်သွားလို့ရမယ်လို့ထင်နေတာလား? အဲဒီလောက်လွယ်မနေဘူး"

ချန်းအာ့ ဆွဲဆွဲငင်ငင်အော်ငိုလိုက်သည်။
" မမလေးရယ် ကျုပ်မှားသွားပါတယ်‌ဗျာ ကျုပ်ကိုတခြားဘာများလုပ်စေချင်နေသေးတာလဲ?"

လုရှ သရော်တော်တော်ပြုံးလိုက်ပြီး တိုက်ရိုက်ပြောလိုက်သည်။ " နင်ဇနီးတစ်ယောက်လက်ထပ်ယူချင်တယ်မဟုတ်လား? နင့်ကိုမိန်းမရှာဖို့ငါကူညီပေးမယ်"

ချန်းအာ့ကြက်သေသေသွားပြီး မသိစိတ်နဲ့အလိုလိုမေးလိုက်မိသည်။
" ဘယ်သူ့ကိုလက်ထပ်ရမှာလဲ?"

လုရှသည်အဓိပ္ပာယ်ပါပါလေသံနဲ့ပြန်အဖြေပေးလိုက်သည်။
" ဒါပေါ့ နင့်ကိုပြဿနာတွေဒီလောက်အများကြီးဖြစ်စေခဲ့တဲ့သူပဲပေါ့"

ချန်းအာ့သည်ငတုံးမဟုတ်ရာ ချက်ချင်းပင်သူမဆိုလိုတဲ့အဓိပ္ပါယ်ကို သဘောပေါက်သွားသည်။ ဒါပေမယ့် သူကအနည်းငယ်ချီတုံချတုံဖြစ်သွားသည်။ သူကဇနီးတစ်ယောက်လိုချင်ပေမယ့် တိကျတဲ့စံသတ်မှတ်ချက်လည်းရှိသည်။ သူလိုချင်တဲ့သူကပညာတတ်လူငယ်လုလောက် ရုပ်ရည်ကြည့်မကောင်းရင်တောင် ဘာပဲဖြစ်ဖြစ်အလုပ်လုပ်နိုင်တဲ့သူဖြစ်ရမည်။

ကျွမ်းဟုန်မိန်ကရွာထဲမှာ ကောင်းမွန်တဲ့ဂုဏ်သတင်းမရှိသလို အလုပ်လုပ်ရာ၌လည်းမတော်ပေ။ ထို့ကြောင့် ချန်းအာ့အနည်းငယ်ဝန်လေးမိသည်။

သူ့မျက်နှာပေါ်ကအထင်သေးမှုကိုသတိပြုမိလိုက်တော့ လုရှမှာပြောစရာစကားပျောက်ရှသွားရသည်။ ကျွမ်းဟုန်မိန်ကဆိုးရွားလွန်းလို့ ရွာရဲ့ပြဿနာကောင်ချန်းအာ့ပင် သူမကိုအထင်သေးမယ်လို့ မမျှော်လင့်ထားခဲ့မိပေ။ ထို့ကြောင့် သူမအေးစက်စက်ပြုံးလိုက်ပြီး...." နင်အခုချေးများနေတာလား? သူကမကောင်းကောင်းမကောင်းနိုင်ပေမယ့် ပညာတတ်လူငယ်တစ်ယောက်လေ နင်ကရော? နင်ကဘာမို့လို့လဲ?"

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Dove le storie prendono vita. Scoprilo ora