Chapter 3

2.6K 290 0
                                    

Chapter 3 – လဲလှယ်ခြင်း

မူလကိုယ်သည်သူမအမေဒီလောက်နှလုံးသားမဲ့မယ်လို့ မမျှော်လင့်ထားခဲ့ပေ။

ပိုပြီးတော့တောင်နှလုံးသားမဲ့တဲ့အရာက သူမကဒီလိုလုပ်ရခြင်းအကြောင်းကို ပွင့်လင်းစွာပြောဆိုခဲ့တာပဲ။ ဒါကသူမအစ်မဖြစ်သူအတွက် အလုပ်ကိုလက်လျှော့စေရန်ဖြစ်ပြီး သူမကသမာသမတ်ကျသလိုမျိုးပင်ပြောလိုက်သေးတယ်။ နင်ကကျေးလက်ကိုသွားရမှာဆိုတော့ ကိုယ့်မိသားစုကိုပဲ အကျိုးဖြစ်စေလိုက်!

ဒီစကားတွေကိုကြားလိုက်ရတော့ မူလကိုယ်သည်အေးစက်သွားသလို ခံစားလိုက်ရရုံတင်မကပဲ ဒေါသကြောင့်တုန်ယင်သွားခဲ့သည်။ တစ်ယောက်ယောက်ကိုရိုက်နှက်ပစ်ချင်စိတ်ကို ထိန်းချုပ်ဖို့ရုန်းကန်ကြိုးစားလိုက်ရပြီး အမေလုကိုတွန်းဖယ်၍ အခန်းဆီပြန်လာခဲ့သည်။

ဒါပေမဲ့ သူမစိတ်မလျှော့နိုင်လေဘူး။ သူမမိသားစုအရင်းကသူမကို ဒီလိုဆက်ဆံလိမ့်မယ်လို့ လက်မခံနိုင်ပေ။ ထိုညမှာထိုအကြောင်းကိုတွေးလေလေ ပိုဒေါသထွက်လာလေလေဖြစ်ကာ ထို့ကြောင့်ပဲအိပ်မပျော်ခဲ့ပေ။

ပြီးတော့ အဲ့ဒါကလက်ရှိလုရှကူးပြောင်းလာခဲ့တဲ့ အချိန်လည်းဖြစ်သည်။ သူမရဲ့နာမည်အရင်းကလည်းလုရှပါပဲ။ ၂၁ရာစုကဘွဲရပြီးခါစ သာမာန်ဝန်ထမ်းလေးတစ်ယောက်ပင်။

မနေ့ညကအလုပ်ကနေအိမ်ပြန်လာပြီးနောက်တွင် သူမသူဌေးကအုပ်စုစကားပြောခန်းထဲတွင် သူမကိုပရောဂျက်တစ်ခုပြန်လည်စိစစ်တည်းဖြတ်ဖို့ ပြောခဲ့သည်။ သူမပြန်လည်စိစစ်မှုပေါင်းဒါဇင်ချီပြုလုပ်ခဲ့ပေမဲ့ တစ်ခုမှအတည်ပြုမခံခဲ့ရပေ။

အဆုံးမှာတော့ ညသန်းခေါင်ယံတိုင်သည်အထိ ညလုံးပေါက်ခဲ့ပြီး ငိုက်မျဉ်းနေတဲ့အခြေအနေမှာ ရင်ဘတ်တွင်စူးရှရှနာကျင်မှုခံစားလိုက်ရပြီးနောက် မျက်လုံးတွေမှောင်မိုက်သွားကာ နိုးလာချိန်မှာတော့ ၁၉၇၀ကလုရှဖြစ်လာသည်။

မူလကိုယ်ရဲ့မှတ်ဉာဏ်တွေကို သူမလက်ခံလိုက်ပြီး မျက်လုံးတွေဖွင့်လိုက်တော့ အိပ်မက်တစ်ခုလို့ထင်လိုက်မိကာ ပင်ပန်းသလိုခံစားနေရပြီး ပြန်အိပ်ပျော်သွားခဲ့သည်။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now