Chapter 22

2.2K 258 5
                                    

Chapter 22 – ဝါဂွမ်းအနွေးထည်များပြုလုပ်ခြင်း

.

ထွက်လာပြီးနောက် လုရှသည်မှောင်ခိုဈေးရှိရာသို့ တန်းတန်းမတ်မတ်ဦးတည်လိုက်သည်။ ထင်ထားသကဲ့သို့ပင် ထိုနေရာမှာသူမကိုတစ်ယောက်ယောက်စောင့်ဆိုင်းနေတာ မြင်လိုက်ရသည်။ ထိုသူကအရင်ကသူမနဲ့တွေ့ခဲ့တဲ့သူပင်။ သူတို့ခေါင်းဆောင်ကျင်းမင်ထံမှ သူ့နာမည်သည်ဖန်းဇီဖြစ်ကြောင်း သူမသိခဲ့ရသည်။

ဖန်းဇီကသူမကိုမြင်လိုက်တော့ ဝမ်းသာသွားပြီး ခပ်တိုးတိုးခေါ်လိုက်သည်။
" အစ်မကြီး ရောက်လာပြီပေါ့ အစ်မကြီးအတွက်ပစ္စည်းတွေအားလုံးပြင်ဆင်ထားပြီးပါပြီ"

သူကပြောရင်းနဲ့ လုရှကိုအနီးနားကလမ်းကြားတစ်ခုထဲခေါ်သွားပြီး ‌အရင်ကြိုပြင်ဆင်ထားတဲ့ အထုတ်ကြီးနှစ်ထုတ်ကိုယူထုတ်လာသည်။
" နို့မှုန့်ငါးဗူး၊ သကြားညိုငါးကတ်တီ၊ ဝါဂွမ်း၁၀ကတ်တီပါ"

နို့မှုန့်နဲ့သကြားညိုတို့က အဆင်ပြေပေမဲ့ ဝါဂွမ်းအများကြီးကိုမြင်လိုက်ချိန်တွင် လုရှသည်နောက်ဆုံးမှာ စိတ်သက်သာရာရစွာသက်ပြင်းချလိုက်သည်။ သူမမနေ့ကမှပြောခဲ့ရာ တကယ်တော့ ဒီနေ့မှာဒီလောက်အများကြီးပေးထားမယ်လို့ မမျှော်လင့်ထားခဲ့ပေ။

သူမသွားရမည့်ကျေးလက်က အရှေ့မြောက်ပိုင်းမှာရှိသည်ကိုသိထားသဖြင့် အဝတ်ထူထူတွေချုပ်ရန် ဝါဂွမ်းတွေများများပြင်ဆင်ဖို့ ရည်ရွယ်ထားသည်။ အမေလုကဒီအရာတွေကို သူမကိုအတွက်ပြင်ဆင်ပေးလောက်မည်မဟုတ်ရာ သူမဘာသာနည်းလမ်းရှာရပေမည်။ ယခုတော့ သူမလက်ထဲဝါဂွမ်းတွေလုံလုံလောက်လောက်ရှိနေပြီဖြစ်သဖြင့် နောက်ဆုံးမှာစိတ်သက်သာသွားသည်။

ဒါပေမဲ့ ဝါဂွမ်းတွေအများကြီးဆိုသော်ငြား ဈေးကတော့မြောက်နေသေးသည်။ နို့မှုန့်ရယ် သကြားညိုရယ်နဲ့ပေါင်းလိုက်တော့ သူမကိုအတော်လေးငွေကုန်ကြေးကျများ‌သွားစေသည်။ ဒါပေမဲ့ သူမပျော်ရွှင်နေတုန်းပါပဲ။

ဖန်းဇီကိုပိုက်ဆံပေးပြီးနောက် လုရှမေးလိုက်သည်။
" ဒါနဲ့ ကျွန်မကိုလက်ပတ်နာရီတစ်ချို့ယူပေးနိုင်မလား?"

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now