Chapter 45

1.9K 240 0
                                    

Chapter 45 –  ပြင်းပြင်းထန်ထန်တုံ့ပြန်ခြင်း

လွန်ခဲ့တဲ့ရက်အနည်းငယ်ကအစားအသောက်များသည် အရသာသိပ်မရှိတာကြောင့် လုရှသည်နေရာလွတ်ထဲက သူမဝယ်ထားခဲ့တဲ့မုန့်ပေါင်းနဲ့မန်ထိုတွေကို တိတ်တိတ်လေးဖွက်စားခဲ့ပေမဲ့ အသားကိုမက်မောတောင့်တမိနေတုန်းပဲ။

ဒါပေမဲ့ သူမရဲ့တောင့်တစိတ်အာသီသကို မပြည့်ဝစေနိုင်ခဲ့ပေ။ ကံကောင်းစွာနဲ့ နေ့တိုင်းစိတ်ဝိဉာဉ်စမ်းရေကိုသောက်သုံးခဲ့တာကြောင့် သူမကျန်းမာရေးသည်အရသာမရှိတဲ့အစားအသောက်တွေကြောင့် အခြေအနေဆိုးရွားမသွားခဲ့ပါဘူး။ ဆန့်ကျင်ဖက်အနေနဲ့ သူမကပိုကောင်းသည်ထက်ကောင်းလာသည်။

သူမအသားအရေသည် တဖြေးဖြေးနဲ့ပိုဖြူဖွေးလာပြီး ကိုယ်အလေးချိန်အနည်းငယ် တတ်လာခဲ့သည်။ သူမကအရင်ကလိုကြုံလှီမနေတော့ပဲ အားအင်ကသိသိသာသာတိုးတတ်လာသည်။ ရလာဒ်အနေနဲ့ သူမအလုပ်သည် လုပ်ရကိုင်ရအများကြီးပိုလွယ်ကူလာခဲ့သည်။

သူမရဲ့ပြောင်းလဲမှုအတွက် အကြောင်းပြချက်ရှာရန် ထိုနေ့တည်းကစပြီး လုရှသည်မနက်တိုင်း နို့မှုန့်တစ်ခွက်စတင်သောက်ခဲ့သည်။ ၁၉၇၀ ခုနှစ်များဆီကတန်ဖိုးကြီး ကျန်းမာရေးထုတ်ကုန်ပစ္စည်းတစ်ခုလို့မပြောရဘူး အရသာကအတော်လေးကောင်းသည်။ ဒါပေမဲ့ သူမနို့မှုန့်သောက်တိုင်းမှာ ကျွမ်းဟုန်မိန်ဆီမှအထင်သေးစက်ဆုပ်တဲ့အကြည့်တွေ ရရှိသည်။

ယေဘုယျအားဖြင့် လုရှသည်သူမသဘောထားကိုလျစ်လျူရှုထားခဲ့သည်။ သူမကသူမ(လုရှ)ကိုရန်လာမစသရွေ့ အဆင်ပြေသည်။ နောက်ဆုံးမှာတော့ ကျွမ်းဟုန်မိန်သည်ကြားဝင်စွက်ဖက်စရာမလိုပဲ သူ့ဘာသာသူအလိုလိုပျက်စီးသွားနိုင်သည့် လူစားမျိုးပင်။

ဒါပေမဲ့ လုရှကသူမကိုလျစ်လျူရှုထားလေလေ ကျွမ်းဟုန်မိန်ကသူမကိုအနိုင်ကျင့်ရလွယ်ကူလေလို့ ထင်သွားတာဖြစ်နိုင်သည်။

ထိုနေ့မနက်တွင် လုရှနို့မှုန့်သောက်နေစဉ်မှာ ကျွမ်းဟုန်မိန်ရဲ့ခနဲ့တဲ့တဲ့စကားကိုကြားလိုက်ရသည်။
" အဝတ်အစားကိုသူတောင်းစားတစ်ယောက်လိုဝတ်စားထားပေမဲ့ နို့မှုန့်ကျတော့နေ့တိုင်းသောက်တယ် ကိုယ့်ကိုကိုယ်ဂုဏ်သရေရှိအထက်တန်းလွှာမိန်းမပျိုတစ်ယောက်လို ဟန်ဆောင်နေတာပဲ ကိုယ့်ကိုကိုယ် ချမ်းသာတဲ့သူဌေးကြီးရဲ့သမီးလို့ ထင်နေတာလား?"

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now