Chapter 60

1.9K 222 11
                                    

Chapter 60 –  ကျန်းကျွင်းမော့ကိုငြင်းပယ်ခြင်း

.

လုရှထိတ်လန့်အံ့အားသင့်သွားသည်။ ဒါဆို ....ခုနကသူမလုပ်ရပ်တွေကို သူမြင်သွားတာလား?

ဒါပေမဲ့ သူမြင်သွားခဲ့ရင်တောင် ပြဿနာမရှိလောက်ပေ။ ကျန်းကျွင်းမော့အပေါ်သူမရဲ့နားလည်သဘောပေါက်မှုကိုအခြေခံရရင် အသေးအဖွဲ့ကိစ္စတွေမှာ သူကဝင်ပါမှာမဟုတ်ပေ။

ဒါပေမဲ့ ဝင်ပါမှာမဟုတ်ဘူးလို့သူမ,ထင်တဲ့သူက တကယ်တမ်းတွင်သူမဆီတန်းတန်းမတ်မတ်လျှောက်လာသည်။ လုရှမျက်မှောင်ကျုံ့သွားသည်။ သူမပဲအထင်မှားသွားခဲ့တာများလား?

ဒါပေမဲ့ ကျန်းကျွင်းမော့ကအနားလျှောက်လာပြီး လုံးဝကွဲပြားတဲ့တစ်ခုခုကိုပြောလာမယ်လို့ သူမမမျှော်လင့်ထားခဲ့ပေ။

" ကျွန်တော် ဒီနေ့လည်အသားသွားဝယ်မလို့ ပြီးခဲ့အခေါက်ကနေရာကိုပဲ သွားကြမလား?"

" ဟမ်?"
လုရှအံ့အားသင့်သွားလေတယ်။ သူဒီလိုပြောလာမယ်လို့ သူမမထင်ထားခဲ့ဘူးရယ်။

သူဆိုလိုတာကိုသဘောပေါက်သွားတော့ အံ့အားတသင့်ဆိုလိုက်သည်။
" ကျွန်မတို့မနေ့ကပဲစားထားတာမဟုတ်လား? ဘယ်လိုလုပ်ပြီးဒီလောက်မြန်မြန်တောင့်တနိုင်ရတာလဲ?"

သူမမေးခွန်းကြောင့် ကျန်းကျွင်းမော့သည်အနည်းငယ်ရှက်ရွံ့သွားသည်။ အဲ့ဒါတွေအားလုံးက မနေ့ကစွပ်ပြုတ်ကအရသာရှိလွန်းတာကြောင့်ပဲပေါ့။ ထိုစွပ်ပြုတ်သောက်ပြီးနောက်မှာ သူ့ခန္ဓာကိုယ်နွေးထွေးသွားပြီး ဒီနေ့နိုးလာတဲ့အခါ ပိုပြီးသက်သောင့်သက်သာရှိသလို ခံစားလိုက်ရသည်။

သူ့ခန္ဓာကိုယ်သည် လမစေ့ပဲမွေးဖွားလာတာကြောင့် အမြဲတမ်းအားနည်းချူချာခဲ့ပါသော်လည်း စွပ်ပြုတ်တစ်ပန်းကန်က သူ့ကိုဒီလောက်သက်သောင့်သက်သာ ခံစားရစေတာက မမျှော်လင့်ထားတာပင်။ ထို့ကြောင့် နောက်တစ်ကြိမ်မြည်းစမ်းကြည့်ဖို့ မစောင့်နိုင်တော့ပေ။

ဒါပေမဲ့ လုရှသည်သူ့အတွေးတွေကိုဂရုမစိုက်ပဲ တိုက်ရိုက်ငြင်းဆိုလိုက်သည်။
" ကျွန်မတို့မနေ့ကပဲစားထားကြတာလေ ဒါကြောင့် ရက်အနည်းငယ်လောက်စောင့်ကြရအောင် မဟုတ်ရင် နေ့တိုင်းစားဖို့ရှင့်မှာအသားကူပွန်တွေဘယ်လောက်ရှိလို့လဲ? တစ်ခါတလေမှစားတာပဲ ပိုကောင်းပါတယ်"

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now