Chapter 21

2.3K 275 2
                                    

Chapter 21 – လုချိုးရဲ့ရှာဖွေတွေ့ရှိမှု

ဒီအချိန်တွင် လုရှသည်စိတ်ပိုင်းဖြတ်ထားပြီးပြီဖြစ်ကာ သူတို့နဲ့နည်းနည်းမှဆက်မနေချင်တော့ပေ။ သူမကချက်ချင်းပင်တူနဲ့ပန်းကန်လုံးကိုချလိုက်ပြီး အခန်းထဲဝင်သွားသည်။

သူမဘာအလုပ်မှမလုပ်သွားသေးတာကိုမြင်လိုက်ရတော့ အမေလုသည်တစ်ခုခုပြောလိုက်ချင်ပေမဲ့ တွေးကြည့်ပြီးနောက်တွင် ဘာမှမပြောလိုက်တော့ပဲ အဲ့ဒီအစားလုချွမ်နဲ့လုချိုးတို့ကိုပဲ အတူတူပန်းကန်ဆေး၊ သန့်ရှင်းရေးလုပ်ခိုင်းလိုက်သည်။

လုချွမ်ရဲ့မျက်နှာမှာငြင်းဆန်မှုအပြည့်ရှိနေပေမဲ့ အလုပ်လုပ်လိုက်ပါသေးသည်။ ထိုစဉ် လုချိုးကတော့ဘာမှထူးဆန်တယ်လို့ မခံစားရဘူး။ နောက်ဆုံးမှာတော့ သူမကအိမ်မှာမကြာခဏဝိုင်းကူပေးခဲ့တာပဲလေ။

ခါတိုင်းကဲ့သို့ပင် လုရှသည်မအိပ်ခင်နေရာလွတ်ထဲဝင်လိုက်သည်။ နေရာလွတ်ထဲကစားစရာတွေသည် လေး-ငါးရာကတ်လောက်ပဲကျန်တော့ပြီး ရောင်းကုန်လုနီးပါးဖြစ်နေသည်။ ကျန်တာတွေကိုသူမဘာသာစားရန် သိမ်းထားဖို့ကြံရွယ်ထားသည်။

စိုက်ခင်းထဲကဟင်းသီးဟင်းရွက်အများစုကို ခူးယူပြီး ဂျူးမြစ်တွေကိုဆက်လက်စိုက်ပျိုးထားပြီးနောက် တခြားအသီးအရွက်ရိုးတံတွေနဲ့ သစ်ရွက်တွေကို မြေဩဇာအဖြစ်မြေကြီးထဲထည့်လိုက်သည်။ ထို့နောက် အရင်ကလိုတူညီတဲ့ ကောက်ပဲသီးနှံသုံးမျိုး  နောက်တစ်ကြိမ် ပြန်စတင်စိုက်ပျိုးလိုက်သည်။

ဒီအပင်တွေကအပြင်ကလိုပဲ ရင့်မှည့်ဖို့အချိန်တူညီသည့်အတွက် ရိတ်သိမ်းဖို့လအနည်းငယ်ကြာပေလိမ့်မည်။ ထို့ကြောင့် တတ်နိုင်သမျှစောစော စိုက်ပျိုးထားရပေမည်။

ဒီနေရာရဲ့တစ်ခုတည်းသောအားသာချက်က နေရာလွတ်ထဲမှာ ရာသီဥတုအပိုင်းအခြားမရှိတာပဲ။ ရိတ်သိမ်းပြီးသွားနဲ့ နောက်တစ်ကြိမ်ချက်ချင်းပြန်စိုက်ပျိုးလို့ရသဖြင့် တစ်နှစ်မှာနှစ်ကြိမ် သုံးကြိမ်ရိတ်သိမ်းလို့ရသည်။

မြေပမာဏငါးမူနဲ့ဆိုတော့ ဟင်းသီးဟင်းရွက်တွေအတွက် နေရာတစ်ခုသီးသန့်ဖယ်ထားသော်ငြား လက်ကျန်ဧရိယာသည်များပြားနေသေးသည်။ ထို့ကြောင့် အားလုံးကိုတစ်ညတည်းနဲ့ သူမစိုက်လို့မပြီးတာကျိန်းသေပါသည်။ ကျေးလက်ကိုမသွားခင် ပြီးစီးအောင်စိုက်ပျိုးထားဖို့ စီစဉ်လိုက်သည်။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now