Chapter 16

2.2K 277 6
                                    

Chapter 16 – အရောင်းအဝယ်

သူမရောက်တော့ ဒါရိုက်တာဝမ်သည်သူမကိုစောင့်ဖို့အတွက် တစ်စုံတစ်ယောက်ကိုစီစဉ်ထားပြီးပေးသားပင်။ ရောက်သွားတဲ့အခါ လုပ်ထုံးလုပ်နည်းတွေကို ပြီးမြောက်ရန်သူမကိုတိုက်ရိုက်ခေါ်သွားခဲ့သည်။

ဒါရိုက်တာဝမ်ရှိနေသဖြင့် လွှဲပြောင်းခြင်းလုပ်ငန်းစဥ်သည်မြန်ဆန်ပြီး လုရှသည်တရားဝင်အလုပ်စတင်ထားခြင်းမရှိတာကြောင့် လုပ်ရိုးလုပ်စဉ်အများအပြားကို ကျော်လိုက်ပြီး လွှဲပြောင်းခြင်းသည်လျင်မြန်စွာ ပြီးမြောက်သွားသည်။

အလုပ်လက်ခံခြင်းအတွက် လုရှရဲ့နာမည်သည် ဒါရိုက်တာဝမ်ရဲ့တူမဝမ်ရှောင်ယွိ ပြောင်းလဲသွားသည်။

လွှဲပြောင်းပြီးနောက် ဒါရိုက်တာဝမ်သည်သူမကိုပိုက်ဆံတွေနဲ့ လက်မှတ်တွေပေးလိုက်ပြီး လုရှဖွင့်ကြည့်ကာ စစ်ဆေးလိုက်သည်။ ငွေကကွက်တိပဲဖြစ်ကာ လက်မှတ်အများအပြားပါသည်။ နောက်ဆုံးမှာ စိတ်ကျေနပ်သွားပြီး ခေါင်းညိတ်ပြ၍ မီးသီးစက်ရုံထဲမှထွက်လာခဲ့သည်။

လုမိသားစုမှပြဿနာဖြစ်လာနိုင်ချေအကြောင်းကိုတော့ ဘာမှမပြောပြလိုက်တော့ပေ။ သူနားလည်မယ်လို့ သူမယူဆတယ်။ သူကဝယ်ယူရဲသည့်အတွက် ကိုင်တွယ်ဖြေရှင်းနိုင်သင့်ပေသည်။ ထို့ကြောင့် ဒါရိုက်တာဝမ်နဲ့ပတ်သတ်ပြီး သူမစိတ်ပူပန်စရာမလိုပေ။

ထွက်လာပြီးနောက် ပိုက်ဆံတွေကိုနေရာလွတ်ထဲမှာသိမ်းလိုက်ပြီး လုရှကျေနပ်အားရသွားသည်။ အလုပ်ကိုဒီလောက်လွယ်လင့်တကူဖြေရှင်းလို့ရသွားမယ်လို့ သူမမမျှော်ထားခဲ့ဘူး။ အခုတော့ နောက်ဆုံးမှာသူမလက်ထဲပိုက်ဆံရှိသွားပြီ။

စိတ်ငြိမ်ငြိမ်ထားပြီးနောက် မှောင်ခိုဈေးအနီးနားဆီဦးတည်လိုက်သည်။ မှောင်ခိုဈေးကိုချက်ချင်းသွားမည့်အစား ထိုဧရိယာတစ်ဝိုက်ကို အရင်ဆုံးလမ်းပတ်လျှောက်လိုက်သည်။ နှစ်ပတ်လောက်လျှောက်ပြီးနောက် စွန့်ပစ်အိမ်တစ်လုံးဘေးရှ်ိလူခြေတိတ်ဆိတ်တဲ့ လမ်းကြားတစ်ခုကို သတိပြုမိလိုက်သည်။ ခြံဝင်းတံတိုင်းနဲ့အိမ်တစ်ဝက်လောက်က ပြိုကျနေသဖြင့် ဘယ်သူမှမနေတာအတော်ကြာပြီဖြစ်ဟန်တူသည်။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now