Chapter 66

1.3K 181 0
                                    

Chapter 66 –  ကျွန်တော်မင်းကိုလက်ထပ်မယ်

.

တခြားသူတွေသည်သူမဘယ်ထွက်သွားလဲဆိုတာမသိကြပေမယ့် လက်ရှိအချိန်တွင်လူတိုင်းရဲ့နှလုံးသားသည် ရှုပ်ထွေးမှုတွေနဲ့ပြည့်နှက်နေကြသည်။ သူမကယောက်ျားတစ်ယောက်အတွက်နဲ့ ဒီလိုအရာမျိုးတွေကိုလုပ်ခဲ့မယ်လို့ သူတို့သည်လုံးဝမထင်ထားခဲ့ကြပေ။

ထို့ပြင် လူအများပြားရဲ့မျက်လုံးထဲမှာ ကျိုးလိုင်အာနဲ့ချန်းရွှယ်တို့မှာအမြဲတမ်းဆက်ဆံရေးကောင်းခဲ့ကြသည်။ နှစ်ယောက်ကအမြဲတမ်းတပူးပူးတကပ်ကပ်ဖြစ်နေခဲ့တာကြောင့် သူမရဲ့သစ္စာဖောက်မှုကမမျှော်လင့်ထားစရာပင်။

ချန်ယွီကျောင်းပင်အထင်သေးစက်ဆုပ်စွာသရော်လိုက်ပြီး " ရုပ်ဆိုးဆိုးယောက်ျားတစ်ယောက်ပဲမဟုတ်လား? တပ်စုခေါင်းဆောင်လေးတစ်ယောက်ကဒီလောက်တန်လို့လား? သူကအစ်ကိုရှန့်နန်ရဲ့လက်ချောင်းလေးတစ်ချောင်းကိုတောင်မယှဥ်နိုင်ဘူး"

" ‌ဒုန်း!"
ချန်းရွှယ်သည်တူတွေချကာ အိမ်ထဲလှည့်ဝင်သွားသည်။

တခြားသူတွေသည်သူမကိုဂရုမစိုက်ဘဲ တိတ်ဆိတ်စွာဆက်စားနေကြသည်။ ဒါပေမဲ့ဒီထမင်းတစ်နပ်က စိတ်မအေးရစေဖို့ကံဇာတာပါတာရှင်းလင်းပါသည်။ သူတို့စားသောက်လို့မပြီးခင်မှာပဲ အပြင်ဖက်ကရွာသားတွေ အော်ဟစ်နေကြတာကိုကြားလိုက်သည်။

" ပညာတတ်လူငယ်ကျိုးကမြစ်ထဲခုန်ချသွားပြီ!!"

ဒီစကားကြားလိုက်ရတော့ ပညာတတ်လူငယ်များသည်မှင်သက်သွားကြသည်။ ထပ်ပြီးရေထဲခုန်ဆင်းပြန်ပြီလားဟ?

သူတို့မှာဘာလုပ်ရမလဲမသိကြပေ။ အဆုံးမှာတော့ စွင်းရှန်းနန်ကအကြံပြုလိုက်သည်။
" သွားကြည့်ကြတာပေါ့ ဘာပဲဖြစ်ဖြစ်သူကငါတို့ထဲကတစ်ယောက်ပဲလေ"

ထိုနောက် တခြားသူတွေသည်အတူတူသွားကြည့်ကြရန်ဆုံးဖြတ်လိုက်သည်။ ဟုတ်ပါတယ် နောက်ဆုံးမှာတော့ သူမကသူတို့ထဲကတစ်ယောက်ပါပဲ။ သွားမကြည့်ပါက နှလုံးသားမဲ့လွန်းရာရောက်သွားပေလိမ့်မည်။

သူတို့ရောက်ချိန်တွင် ဒီတစ်ခေါက်မှာကျိုးလိုင်အာသည်မြစ်ထဲတကယ်ခုန်ချသွားခဲ့ကြောင်း သိလိုက်ကြရသည်။ မျက်မြင်သက်သေတွေရဲ့အပြောအရ ဒီမနက်ပညာတတ်လူငယ်များနေရာက ပြေးထွက်လာပြီးနောက်မှာ သူမကဟူမိသားစုအိမ်ကိုတန်းတန်းမတ်မတ်ထွက်သွားခဲ့သည်။ အရိုက်ခံထားရတာကြောင့် သိသိသာသာနီမြန်းနေတဲ့မျက်နှာဖြင့် ဟူကျန့်ကျွင်းကိုပြဿနာဖြစ်ခွင့်ပြုမှာမဟုတ်ဘူးလို့ အော်ဟစ်ခဲ့ကာ သူများရဲ့အဖြေကိုပြန်မစောင့်ဘဲ မြစ်ရဲ့အနက်ရှိုင်းဆုံးအပိုင်းထဲသို့ခုန်ဆင်းသွားခဲ့သည်။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now