Chapter 37

1.9K 220 0
                                    

Chapter 37 –အလုပ်ပထမဆုံးနေ့

လက်ရှိတွင် ပညာတတ်လူငယ်များနေရာ၌ ပညာတတ်လူငယ်စုစုပေါင်း ၁၈ယောက်ရှိတာကြောင့် နှစ်ယောက်တစ်တွဲတွေဖွဲ့ကာ ၉ရက်တိုင်းမှာတစ်ပတ်ပြန်လည်သည်။

လုရှသည်ရှန်ချင်းချင်းတွဲခဲ့ရပြီး ဇာတ်လိုက်မနဲ့တွဲဖက်မကျခဲ့လို့ ကျိတ်ပြီးစိတ်သက်သာရာရသွားသည်။ သူမသည်ရှန်ချင်းချင်းကိုတစ်ချက်ကြည့်လိုက်ပြီး ရှက်ရွံ့နေတဲ့မိန်းကလေးကသူမကိုပြုံးပြနေတာ သတိပြုမိလိုက်တာကြောင့် သူမလည်းပြန်ပြုံးပြလိုက်သည်။

ကုရှန့်နန်နဲ့ကျန်းကျွင်းမော့တို့ကို အတူတွဲခဲ့ပေးပေမဲ့ သူတို့ကမချက်ပြုတ်တတ်ပေ။ သူတို့ကစွင်းရှန်းနန်ကိုအကူအညီတောင်းခဲ့ကြပြီး ကျန်းကျွင်းမော့ကလည်းသူကအလုပ်သိပ်လုပ်နိုင်မှာမဟုတ်တာကြောင့် သူ့ရဲ့အလုပ်မှတ်တွေကို သူတို့ကိုအစားပေးလို့ရတယ်ဟု ဆိုခဲ့သည်။

လူတိုင်းသည်သူ့မျက်နှာအမူအရာကိုလှမ်းကြည့်လိုက်ကြပေမဲ့ ဘာမှတော့မပြောခဲ့ကြပေ။

အစီအစဉ်တွေအတည်တကျဖြစ်သွားတာနဲ့ အချက်အပြုတ်အလှည့်ကျကို ဒီနေ့ကစတင်လိုက်ကြသည်။

ထို့နောက် လူစုသည်အဖွဲ့ဌာနချုပ်အရှေ့တလင်းပြင်သို့ ပညာတတ်လူငယ်အဟောင်းတွေနောက်ကလိုက်သွားပြီး ယနေ့အတွက်တာဝန်ချမှတ်ပေးဖို့ စောင့်ဆိုင်းလိုက်ကြသည်။ ဘယ်သူကမှအာရုံမစိုက်ချိန်တွင် လုရှသည်သူမရေဘူးကိုစိတ်ဝိဉာဉ်စမ်းရေနဲ့ဖြည့်လိုက်ပြီး လူတိုင်းနဲ့အတူသွားပေါင်းလိုက်သည်။

သူတို့တွေရောက်လာချိန်တွင် တလင်းပြင်၌လူအများအပြားရောက်နေကြပြီဖြစ်သည်။ ရွာကိုပညာတတ်လူငယ်အသစ်တွေရောက်လာကြောင်း လူတိုင်းသိထားကြတာကြောင့် စပ်စုလိုစိတ်နဲ့သူတို့ကိုကြည့်လိုက်သည်။

လူသစ်တွေအနက်မျက်စိဖမ်းစားစရာအကောင်းဆုံးကတော့ ကုရှန့်နန်နဲ့စူးမန့်တို့ပင်။ သူတို့ကအလုပ်လုပ်ရန်အတွက် သာမာန်အဝတ်အစားတွေဝတ်ဆင်ထားကြပေမဲ့ သူတို့ရဲ့စိတ်နေသဘောထားနဲ့ အသွင်အပြင်တို့က သာမာန်လူတွေနဲ့မတူပေ။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Wo Geschichten leben. Entdecke jetzt