Chapter 9

2.2K 247 5
                                    

Chapter 9 – ထူးခြားသောကြင်ဖက်တွေ့ခြင်း

အမျိုးသမီးသည်ချက်ချင်းပင် အထင်ကြီးလေးစားမှုကိုဖော်ပြလိုက်သည်။
" ဒါဆို ရှင့်မှာဗဟုသုတကြီးကြီးမားမားရှိမှာပဲ အရည်အချင်းရှိတဲ့လူတွေကိုကျွန်မသဘောကျတယ်!"

ထို့နောက် အမျိုးသားဆီမှအေးစက်စက်တုံ့ပြန်မှုကို သူမကြားလိုက်ရသည်။
" ဒါဆိုရင်တော့ ခင်ဗျားစိတ်ပျက်သွားတော့မှာပဲ ကျွန်တော်ကသိပ်အရည်အချင်းမရှိပါဘူး ကျွန်တော်ကအချိန်ဖြုန်းဖို့ ပုံဆွဲရတာကြိုက်တဲ့သာမာန်လူတစ်ယောက်ပါပဲ"

" အာ...."
အမျိုးသမီးကသူ့စကားတွေကြောင့် အံ့အားသင့်သွားပြံရပြီး ခပ်သွက်သွက်ပြောလိုက်သည်။
" ဒါကအထင်ကြီးစရာကောင်းနေတုန်းပါပဲ ကျွန်မလည်းပန်းချီဆွဲတာကိုကြိုက်တယ် ဒါပေမဲ့ ကျွန်မကအဲ့ဒီနေရာမှာမတော်ဘူးလေ နောက်ဆိုရှင်ကျွန်မကိုသင်ပေးနိုင်မလား?"

ဒီစကားတွေကနေ အမျိုးသမီးမှာရှေ့ဆက်ရည်ရွယ်ချက်တွေရှိကြောင်း သိသာထင်ရှားပါသည်။

ထင်ထားသကဲ့သို့ပင် အမျိုးသားသည်စိတ်ကျေနပ်စွာဟက်ခနဲရယ်လိုက်သည်။
" ခင်ဗျားကြိုက်သရွေ့ပေါ့ ခင်ဗျားဘက်ကသင့်တော်တယ်လို့တင်တဲ့အတွက် ကျွန်တော့်အခြေအနေကိုလည်းပြောပြပါရစေ"

အမျိုးသမီးရဲ့တုံ့ပြန်မှုကိုမစောင့်ပဲ သူကဆက်ပြောသွားသည်။
" ကျွန်တော်ကခုမှအထက်တန်းကျောင်းကဘွဲ့ရထားတာပါ ကျန်းမာရေးအကြောင်းရင်းတွေကြောင့် ‌လတ်တလောမှာအလုပ်မရှိပါဘူး ကျွန်တော်တို့ကိုမိတ်ဆက်ပေးခဲ့တဲ့လူက ခင်ဗျားကိုပြောပြထားလောက်မှာပါ ကျွန်တော်ရဲ့မိဘတွေကကွယ်လွန်သွားပါပြီ ငယ်ငယ်လေးထဲကအစ်မတွေက ပြုစုပျိုးထောင်ပေးခဲ့တာပါ အခုအစ်မတွေကလက်ထပ်သွားကြပြီဆိုတော့ ကျွန်တော့်မှာမိဘတွေချန်ထားခဲ့တဲ့ အိမ်လေးတစ်လုံးရှိပါတယ်

ကျွန်တော်တို့လက်ထပ်ရင် ကျွန်တော့်ဖက်ကအိမ်ပါမယ် လတိုင်းကျွန်တော့်ကျန်းမာရေးအတွက် ဆေးဝါးကုန်ကျစားရိတ်တွေကို ကျွန်တော့်အဖိုးက‌ထောက်ပံ့မှာပါ ဒါပေမဲ့ ကျွန်တော်ကမိသားစုကိုငွေရေးကြေးရေးထောက်ပံ့ပေးနိုင်မှာမဟုတ်ဘူး ဒါကြောင့် အဲ့ဒီတာဝန်ကိုခင်ဗျားယူရမယ်

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်حيث تعيش القصص. اكتشف الآن