Chapter 88

1.8K 237 10
                                    

Chapter 88 –   ပညာတတ်လူငယ်တွေရဲ့တုံ့ပြန်မှုများ

.

ကျန်းကျွင်းမော့ရဲ့အကြံပြုချက်တွေအားလုံးကို လုရှငြင်းပယ်လိုက်သည်။ သူသုံးဖြုန်းချင်တဲ့ပိုက်ဆံတွေကို မသုံးဖြုန်းခဲ့ကြပဲ နောက်ဆုံးမှာ အဆာသွပ်မုန့်နှစ်ခုသာဝယ်ခဲ့ကြသည်။ ထို့နောက်မှာ ဘတ်စ်ကားဂိတ်သို့သွားရမည့်အချိန်ရောက်ခါနီးအထိ နှစ်ယောက်သားလှည့်ပတ်ကြည့်နေကြသည်။

ဘတ်စ်ကားစီးကာ ပညာတတ်လူငယ်များနေရာဆီသို့ပြန်ရောက်လာကြချိန်တွင် တခြားသူတွေသည်ညစာပြင်ဆင်ထားပြီးပြီဖြစ်သည်။ သူတို့နှစ်ယောက်ပြန်ရောက်လာကြသည်နှင့် လူတိုင်းကသူတို့ကိုနှုတ်ဆက်လိုက်ကြသည်။
" အချိန်မီပြန်ရောက်လာကြတာပဲ မြန်မြန်လာ ညစာစားကြရအောင်"

လုရှနဲ့ကျန်းကျွင်းမော့တို့လည်းအားမနာနိုင်တော့ပေ။ တနေ့လည်လုံးလမ်းလျှောက်ထားရာ အခုချိန်မှာဗိုက်တွေဆာနေကြပြီ။ ညစာစားပြီးနောက် လူတိုင်းသည်သူတို့ဘာကြောင့်ဒီနေ့ခွင့်ယူသွားလဲဆိုတာ သိချင်စိတ်ပြင်းပြနေကြသည်။

ကျန်းကျွင်းမော့ကနှုတ်ဆိတ်နေတာကြောင့် ပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့လုရှကပဲ အနည်းငယ်ရှက်ရှက်နဲ့ တိုက်ရိုက်ပြောလိုက်ရတော့သည်။
" ဒီနေ့ရဲဘော်ကျန်းနဲ့ကျွန်မလက်ထပ်မှတ်ပုံတင်သွားလုပ်ခဲ့တာ"

သူမစကားဆုံးသွားသည်နှင့် ပညာတတ်လူငယ်များနေရာမှာတိတ်ဆိတ်ငြိမ်သက်သွားသည်။ ခဏကြာပြီးနောက် လူတိုင်းသည်မယုံကြည်နိုင်မှုတွေကို ဖော်ပြလာကြသည်။
" ရဲဘော်လု နင်ဘာပြောလိုက်တာ နင်နဲ့ရဲဘော်ကျန်းကဒီနေ့လက်ထပ်မှတ်ပုံတင်သွားယူကြတယ်လား? လက်ထပ်မှတ်ပုံတင်လေ?"

လု‌ရှခေါင်းညိတ်လိုက်သည်။
" ဟုတ်တယ် ကျွန်မတို့ဒီနေ့လက်ထပ်လိုက်ကြပြီ နည်းနည်းတော့အလျင်စလိုနိုင်သွားလို့ မင်္ဂလာပွဲတော့မကျင်းပတော့ပါဘူး ဒါပေမဲ့ ကျွန်မတို့မင်္ဂလာသကြားလုံးတွေဝယ်ခဲ့ပါတယ် ရှင်တို့အားလုံးကိုပျော်ရွှင်မှုတွေဝေမျှနိုင်ဖို့ ပြီးရင်လူတိုင်းကိုသကြားလုံးတွေဝေပေးမယ်"

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now