Chapter 53

1.5K 193 0
                                    

Chapter 53 –  ငါးဖမ်းခြင်း
.

လုရှသည်အရင်ဆုံးငါးဖမ်းဇကာတစ်ခုဝယ်ချင်ပေမဲ့ ရွာထဲမှာထိုအရာတွေအများအပြား မရှိနိုင်လောက်တာကြောင့် ငါးဖမ်းဇကာအစား ရွာထဲမှာကျောပိုးခြင်းတောင်းတစ်လုံးဝယ်ယူလိုက်သည်။ သူများတွေကသူမကိုမေးတဲ့အခါ တောင်တွေပေါ်သွားတတ်ကြည့်မလို့ဟု ပြန်ဖြေလိုက်သည်။ သူမကတခြားသူတွေလိုပဲ အလေ့ကျအသီးအနှံတွေသွားခူးမလို့ လို့လူတိုင်းကတွေးလိုက်ကြတာကြောင့် များများစားစားမမေးမြန်းခဲ့ကြပေ။

ဒီရာသီအတွင်းမှာ အလေ့ကျအသီးအနှံ‌တစ်ချို့မှည့်ရာ ကလေးတွေကတောင်ပေါ်ပြေးတတ်သွားကြသည်။ ကျောပိုးခြင်းတောင်းကိုရပြီးနောက် လုရှသည်ရှန်ချင်းချင်းပြောပြခဲ့သည့်အတိုင်း မြစ်အထက်ပိုင်းဆီတတ်လာခဲ့သည်။

နေရာသို့ရောက်ချိန်တွင် ဒီနေရာကရေသည် အမှန်ပင်အများကြီးပိုနက်ပြီး အနားမှာလူသိပ်မရှိကြောင်းသိလိုက်ရသည်။ အရင်ကဒီမှာလူတွေရေနစ်ထားဖူးတာကြောင့်ဖြစ်လောက်တယ်။ ထို့ကြောင့် လူတိုင်းကဒီနေရာကိုရှောင်ဖယ်ကြတယ်။ ဒါကလုရှအတွက်အဆင်ပြေချောမွေ့သွားစေသည်။

သူမမြစ်ရေထဲကြည့်လိုက်ပေမဲ့ ငါးကြီးတစ်ကောင်မှမမြင်မိ‌ပေ။ ဒါပေမဲ့ သူမလက်မလျှော့လိုက်ပါဘူး။ အဲ့ဒီအစား လက်နဲ့စိတ်ဝိဉာဉ်စမ်းရေတစ်ချို့ခပ်လိုက်ပြီး ရေထဲလောင်းချလိုက်သည်။ စိတ်ဝိဉာဉ်စမ်းရေက အကျိုးသက်ရောက်မှုအများကြီးမရှိပေမဲ့ တိရိစ္ဆာန်ငယ်လေးတွေအပေါ်မှာတော့ ဆွဲဆောင်မှုရှိနေပါသေးသည်။

ပြီးခဲ့တဲ့အခေါက်က လမ်းပေါ်မှာရေသောက်နေစဉ် လုရှသည်ရွာထဲကကလေးတစ်ယောက်ရဲ့ မတော်တဆဝင်တိုက်ခံလိုက်ရပြီး ရေဘူးထဲကစိတ်ဝိဉာဉ်စမ်းရေတွေအားလုံးကို မြေကြီးပေါ်မှောက်ကျသွားစေခဲ့သည်။ ထို့နောက် ကြက်တွေပြေးလာပြီးမြေကြီးပေါ်ထိုးဆိတ်နေကြသည်ကို သူမမြင်ခဲ့ရသည်။

ဒီစိတ်ဝိဉာဉ်စမ်းရေကငါးတွေကို ဆွဲဆောင်နိုင်ပါ့မလားတော့သူမမသိပေ။ လုရှအနည်းငယ်စိုးရိမ်မိပေမဲ့ မကြာခင်မှာသိသိသာသာပိုကြီးမားတဲ့ငါးတွေ ကူးခတိလာတာကို မြင်လိုက်ရပါသည်။ ထိုမြင်ကွင်းကြောင့် စိတ်လှုပ်ရှားသွားပြီး လုရှသည်ကျောပိုင်းခြင်းတောင်းကို ချက်ချင်းမ,ကာ ငါးတွေကိုခပ်ယူရန်ကြိုးစားလိုက်ပေမဲ့ ရလာဒ်ကတော့သိသာထင်ရှားပါသည်။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now