Chapter 84

1K 189 0
                                    

Chapter 84 –  တရားဝင်အထောက်အထားတွေနဲ့ ထောက်ခံစာ

.

ဒါပေမဲ့ ရွာလူကြီးသည်ခဏလောက်တုံ့ဆိုင်းနေသည်။

ရှစ်ချွင်းယန်ဘာတွေတွေးနေတာလဲဆိုတာ သူမသိပေမဲ့ လက်တလောမှာသူမရဲ့ကျန်းကျွင်းမော့နဲ့အရှုပ်အထွေးက ရွာထဲမှာအတော်လေးအုတ်အော်သောင်းတင်းဖြစ်ခဲ့သည်ပင်။ ဒါတွေကိုရပ်တန့်ဖို့ကျန်းကျွင်းမော့က မည်သည့်အပြုအမူမှလုပ်ဆောင်ခဲ့သည်ကိုမမြင်ခဲ့ရတာကြောင့် ပြောစရာမလိုပဲသိသိသာသာသဘောတူထားတာဖြစ်နိုင်တယ်လို့ ထင်ခဲ့သည်။

သူသာလုရှနဲ့ကျန်းကျွင်းမော့အတွက်ထောက်ခံစာနဲ့ တရားဝင်အထောက်အထားထုတ်ပေးလိုက်မယ်ဆိုရင် ရှစ်ချွင်းယန်ကိုဆန့်ကျင်မိသွားနိုင်ချေရှိသည်။ ဒါပေမဲ့ သူတို့နှစ်ယောက်လက်မထပ်အောင်တားမြစ်ဖို့ကျ သူ့မှာအဲ့လိုလုပ်ဖို့အခွင့်အာဏာမရှိတာကြောင့် မထုတ်ပေးဖို့ကလည်းရွေးချယ်စရာတစ်ခုမဟုတ်ပေ။

ထို့ကြောင့် ရွာလူကြီးမှာဘေးကျပ်နံကျပ်အနေအထားဖြစ်နေလေသည်။

ရွာအတွင်းကစည်းလုံးညီညွတ်မှုကိုသိသွားပြီးနောက်မှာ လုရှသည်ဒါကိုကြိုတင်ခန့်မှန့်ထားပြီးသားဖြစ်သည်။ သူမကပြုံးကာ " ဒါ့အပြင် ရဲဘော်ကျန်းနဲ့ကျွန်မမှာနောက်ထပ်တောင်းဆိုစရာလေးရှိပါသေးတယ် ကျွန်မလက်ထပ်ပြီးသွားရင် ပညာတတ်လူငယ်များနေရာမှာဆက်နေဖို့ အဆင်မပြေတော့ဘူး ဒါကြောင့် အိမ်‌တစ်လုံးဆောက်ထားဖို့ ရွာကိုခွင့်ပြုချက်လျှောက်ချင်ပါတယ် အိမ်ကူဆောက်ပေးဖို့ ရွာသားတွေကိုအကူအညီတောင်းလို့ရမလား? လုပ်အားအတွက်ကျွန်မတို့ငွေပေးချေမှာပါ"

ဒီစကားတွေကြားလိုက်ရတော့ ရွာလူကြီးသည်အနည်းငယ်စိတ်ယိုင်သွားသည်။

ဆောင်းဦးသီးနှံရိတ်သိမ်းချိန်ပြီးနောက် ရွာထဲမှာအလုပ်များများစားစားမရှိပေ။ အရင်တုန်းကတော့ သူတို့သည်ခရိုင်ရဲ့လမ်းပြင်အဖွဲ့နဲ့ပေါင်းပြီး ကာယအားသုံးရတဲ့အလုပ်မှငွေနည်းနည်းပါးပါးရှာရန် ရာသီဥတုပိုအေးလာတဲ့အချိန်ရောက်ရန် စောင့်ဆိုင်းနိုင်သည်။ ဒါပေမဲ့ အားလုံးကခက်ခဲကြမ်းတမ်းတဲ့အလုပ်တွေဖြစ်ရာ ဆောင်းရာသီပြီးသွားရင် အရမ်းပင်ပန်းရသည်။ လုရှနဲ့ကျန်းကျွင်းမော့တို့ကသူတို့အိမ်အတွက် အလုပ်သမားတွေကိုငှားမယ်ဆိုရင် လူတိုင်းအတွက်ကျောရိုးကျိုးမတတ်လုပ်စရာမလိုပဲ အပိုဝင်ငွေတွေရှာနိုင်ပေလိမ့်မည်။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now