Chapter 12

2.2K 259 2
                                    

Chapter 12 –  မှောင်ခိုဈေးကွက်

.

ဒါတွေအကုန်နားထောင်ပြီးနောက်တွင် ဒါရိုက်တာဝမ်သဘောပေါက်သွားသည်။ သူကပြုံးလိုက်ပြီး " မပူပါနဲ့ ရောင်းချဖို့မင်းသဘောတူသရွေ့ အကျိုးဆက်နဲ့ပတ်သတ်ပြီးစိတ်ပူစရာမလိုပါဘူး ကျုပ်တို့ဖြေရှင်းလိုက်မယ်"

သူဒီလိုပြောတာကြားလိုက်ရတော့ လုရှနောက်ဆုံးမှာစိတ်သက်သာရာရသွားသည်။ ဒါကဒါရိုက်တာဝမ်ကိုသူမလာရှာရတဲ့အကြောင်းရင်းပဲ။ သူ့မှာကျယ်ပြန့်တဲ့အဆက်အသွယ်ရှိတယ်လို့ပြောကြရာ သူမမိသားစုကိုကိုယ်တွယ်နိုင်လောက်သည်။

နောက်ဆုံးတွင် ဒါရိုက်တာဝမ်သည် ၁၂၀၀ယွမ်အထိဈေးမြှင့်ပေးခဲ့ပြီး လုရှသည်လက်မှတ်တစ်ချို့နဲ့အတူ ၁၀၀၀ယွမ်ဈေးသတ်မှတ်ခဲ့သည်။ အလွှဲအပြောင်းအဆုံးသတ်ရန် နောက်နေ့တွင်စက်ရုံမှာတွေ့ကြဖို့ သဘောတူလိုက်ကြပြီးနောက် သူမထွက်လာခဲ့သည်။

မီးသီးစက်ရုံရဲ့လူနေဧရိယာမှထွက်လာပြီးနောက် လုရှသည်နောက်ဆုံးတွင်စိတ်သက်သာရာရစွာသက်ပြင်းချလိုက်သည်။

သူမမှာအချိန်ရှိသေးသည့်အတွက် ပတ်ဝန်းကျင်ဧရိယာကိုစူးစမ်းရှာဖွေပြီး မှောင်ခိုဈေးကိုများရှာတွေ့နိုင်မလားလို့ ကြည့်ရအောင် ကြံရွယ်လိုက်သည်။

နှစ်နာရီလောက်လမ်းလျှောက်ပြီးနောက်တွင် ဆေးရုံအနီးနားက လမ်းကြားတခုမှာ ခိုးကြောင်ခိုးဝှက်ဝင်လိုက်ထွက်လိုက်လုပ်နေသည့် သံသယဖြစ်ဖွယ်လူရိပ်တချို့ကို နောက်ဆုံးတွင်မြင်လိုက်ရသည်။ ထိုအရာက မှောင်ခိုစျေးဆိုတာ သူမသေချာပါသည်။

ဒါပေမယ့် သူမရဲ့လက်ရှိအသွင်အပြင်က ထိုနေရာကိုသွားဖို့အတွက်မသင့်တော်ပေ။ သူမကိုယ်သူမ အနည်းငယ်ရုပ်ဖျက်ဖို့လိုသည်။ ကံမကောင်းစွာနဲ့ လက်ထဲမှာဘာမှမရှိတာကြောင့် နေရာလွတ်ထဲကနေ ဆန်တွေသိုလှောင်ဖို့အသုံးပြုတဲ့ အိတ်တစ်လုံးထုတ်ယူလိုက်ပြီး မျက်နှာတဝက်လောက်ကိုဖုံးကွယ်ရန် ခေါင်းစည်းပုဝါအဖြစ်သုံးလိုက်ပြီး မျက်လုံးလေးပဲချန်ထားလိုက်ကာ အဲဒီနောက် မှောင်ခိုစျေးထဲသိုသိုသိပ်သိပ်ဝင်သွားသည်။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Tahanan ng mga kuwento. Tumuklas ngayon