Chapter 77

1.2K 171 0
                                    

Chapter 77 –  အလုပ်များတဲ့ဆောင်းဦးသီးနှံရိတ်သိမ်းချိန်
.

နှစ်ယောက်သားအထဲဝင်လာကြပြီးနောက် ပညာတတ်လူငယ်များနေရာကလူများသည် သူတို့ကိုလှမ်းကြည့်လာကြသည်။ ပိုပြီးတိတိကျကျပြောရရင်တော့ ကျန်းကျွင်းမော့ကိုကြည့်ကြတာပင်။

ခုနကရှစ်ချွင်းယန်ရဲ့အသံကို လူတိုင်းကြားသွားကြတာ ဖြစ်နိုင်သည်။ ကျန်းကျွင်းမော့သည်အနေရခက်တဲ့အခြေအနေထဲ ရောက်နေတာကိုမြင်လိုက်ရတော့ လုရှလက်ဦးမှုယူကာစကားပြောလိုက်သည်။
" ကျွန်မဖရဲသီးတွေဝယ်လာတယ် အတူတူခွဲစားကြတာပေါ့"

ဒီစကားကြားလိုက်ရတော့ လူတိုင်းသည်အကြည့်တွေနေရာရွှေ့လိုက်ကြသည်။
" အိုး ဒီဖရဲသီးကကြီးလိုက်တာ ရဲဘော်လုကရွေးတဲ့နေရာမှာအမြင်ကောင်းကောင်းရှိတာပဲ ချိုလောက်မယ်ထင်တယ်"

လုရှပြုံးပြုံးလေးနဲ့ပြန်ဖြေလိုက်သည်။
" ဦးလေးလီကကျွန်မကိုကူရွေးပေးလိုက်တာပါ ကျွန်မအတိုင်းဆိုမသိပါဘူး"

တခြားသူတွေသည်ရယ်မောကာ လုရှကိုကျေးဇူးတင်လိုက်ပြီးမှ ဖရဲသီးခွဲကာစားလိုက်ကြသည်။ ထိုစဉ် ကျန်းကျွင်းမော့သည်အခွင့်အရေးယူကာ သူ့အခန်းဆီပြန်သွားသည်။

ဒါပေမဲ့ လူတိုင်းမှာအတွေးကိုယ်စီရှိနေကြဆဲပါပဲ။ ညနေစောင်းတွင် အမျိုးသမီးပညာတတ်လူငယ်များသည် အိမ်ထဲမှာအတူထိုင်ပြီးဝိုင်းဖွဲ့စကားပြောနေကြသည်။ လူတိုင်းကျန်းကျွင်းမော့အကြောင်းပြောနေတာကိုကြားလိုက်ချိန်တွင် လုရှသည်စွင်းရှန်နန်နဲ့အတူချည်ထိုးသင်ယူနေသည်။

ပညာတတ်လူငယ်အားလုံးသည် ကျန်းကျွင်းမော့အတွက်စိတ်မကောင်းဖြစ်သွားကြသည်။ ရွာခံလူတွေနဲ့ဒီလိုအရှုပ်အထွေးထဲပါသွားတာက ကံ‌ဆိုးတာပင်။ ပြီးခဲ့တဲ့အခေါက်ကအဖြစ်အပျက်ပြီးကတည်းက အမြဲလိုလိုနှုတ်ဆိတ်နေတတ်တဲ့ချန်းရွှယ်ပင် ဒီတစ်ခေါက်မှာဝင်ပြောလာသည်။

" ဒီရွာသားတွေမှာ ကိုယ်ပိုင်အမြင်တွေအကြံအစည်တွေရှိကောင်းရှိနိုင်ကြပေမယ့် တကယ်တော့သူတို့ကအတော်လေးစည်းလုံးကြတယ် ငါတို့နဲ့အတူကျေးလက်ကိုရောက်လာတဲ့ အမျိုးသမီးပညာတတ်လူငယ်တွေကြားမှာ ဝူယွီလို့နာမည်ရတဲ့မိန်းကလေးတစ်ယောက်ပါတယ် သူကအရမ်းလှလွန်းတော့ ရောက်ရောက်ခြင်းပဲရွာသားတစ်ယောက်ရဲ့အာရုံဖမ်းစားသွားတယ်

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now