Chapter 27

2K 252 1
                                    

Chapter 27 – ကုရှန့်နန်

ရထားပေါ်တတ်ပြီးနောက် လုရှသည်ရထားလက်မှတ်မှခုံနံပါတ်အတိုင်း လိုက်ရှာခြင်းဖြင့် သူမထိုင်ခုံကိုရှာတွေ့သွားသည်။ ထိုဟာကမျက်နှာချင်းဆိုင်နှစ်ခုံတွဲနှစ်ခုဖြင့် လေးခုံတစ်ကန့်ဖြစ်ပေမဲ့ လက်ရှိမှာနေရာယူထားတဲ့သူက သူမတစ်ယောက်ပဲရှိသည်။

သူမရဲ့လက်ဆွဲအိတ်တွေကိုမ,တင်ဖို့ ရုန်းကန်လိုက်ရပြီး ခေါင်းအထက်ကအိတ်တင်စင်အပေါ် တင်လိုက်သည်။ ကံကောင်းစွာနဲ့ ဒီတလောမှာစိတ်ဝိဉာဉ်စမ်းရေသောက်ထားခြင်းက သူမကိုခွန်အားတိုးစေခဲ့ပြီး ကင်းဗတ်အိတ်တွေကကြီးမားပုံပေါ်သော်ငြား လေးလေးပင်ပင်ပစ္စည်း တစ်ခုမှမပါတာကြောင့် သူမသည် ထိုအိတ်တွေကို အပေါ်တင်လိုက်နိုင်သည်။

ဒါပေမဲ့ လက်ရှိတွင် ရထားတွဲသည်လူအများအပြားနဲ့ ပြည့်သွားခဲ့တာကြောင့် တခြားခရီးသည်တွေသည် ဒီအဖြစ်ကိုသတိမပြုမိလိုက်ကြပေ။ ဒီလိုမိန်းမငယ်လေးက ထိုမျှအားအင်တွေရှိနေတာမြင်လိုက်ရတော့ တချို့ကအံ့အားသင့်သွားကြပြီး မိတ်ဆွေဖွဲ့စကားပြောရန် သူမဆီချဉ်းကပ်လာကြသည်။

စကားအနည်းငယ်ဖလှယ်ပြီးနောက် ဒီအတွဲထဲကလူတိုင်းသည် ကျေးလက်ကိုသွားမဲ့ပညာတတ်လူငယ်တွေဖြစ်ကြောင်း သိသွားကြသဖြင့် လေထုကိုပိုပြီးရင်းရင်းနှီးနှီးဖြစ်သွားစေသည်။

လုရှသည်လက်ဆွဲအိတ်တွေတင်ပြီးတာနဲ့ ‌ထိုင်ခုံမှာနေရာယူလိုက်သည်။ သူမသည်လေးခုံတစ်ကန့်မှာထိုင်နေပြီး သူမခုံကပြတင်းပေါက်ဘေးမှာဖြစ်သည်။ အစိမ်းရောင်ရထားကြီးရဲ့ပြတင်းပေါက်သည် ဖွင့်လို့ပြုလို့ရသည်။

သူမထိုနေရာမှာထိုင်လိုက်စဉ် လေပြေလေးကိုခံစားရင်း ပလက်ဖောင်းပေါ်ကမျက်ရည်စက်လက်မြင်ကွင်းတွေကိုကြည့်လျက် စိတ်တည်ငြိမ်သွားသလိုခံစားလိုက်ရသည်။ နောက်ဆုံးတော့ သူမထွက်လာခဲ့ပြီ။

သူမအလုပ်ကိုရောင်းစားခဲ့တာသိသွားတဲ့အခါ လုမိသားစုဘယ်လိုတုံ့ပြန်လေမလဲလို့ သိချင်မိသည်။ သူတို့တွေဒေါသတကြီးဖြစ်သွားလောက်ပေမဲ့ သူတို့တုံ့ပြန်မှုတွေကို သူမမကြည့်နိုင်တော့တာနှမြောစရာပဲ။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now