Chapter 54

1.7K 228 4
                                    

Chapter 54 –  ငါးစွပ်ပြုတ်တစ်အိုးကိုမျှဝေစားခြင်း

.
ထို့နောက်မှာတော့ အမှန်ပါပဲ ထိုကဲ့သို့ဖြစ်သွားသည်။ ငါးတွေတောင်မကျက်သေးခင်မှာ မွှေးရနံ့လေးစတင်ပျံ့နှံ့လာသည်။ လုရှ အသက်ပြင်းပြင်းရှူလိုက်ပြီး ပိုပိုစိတ်မရှည်နိုင်ဖြစ်လာသည်။ ကျက်လုနီးလောက်ပြီဟု သူမခံစားမိလိုက်တဲ့အခါ မီးအမြန်သတ်ကာ အိုးအဖုံးကိုစိတ်အားထက်သန်စွာဖွင့်လိုက်သည်။

ထို့နောင် ငါးစွပ်ပြုတ်နံ့လေးကသူမကိုရိုက်ခတ်သွားပြီး လုရှပါးစပ်သည်သွားရည်ကျလုနီးပါးဖြစ်သွားသည်။ ဟင်းပူပူကိုလျစ်လျုရှုကာ တစ်ဇွန်းအပြည့်ခပ် အနည်းငယ်မှုတ်အအေးခံပြီး အရသာမြည်းစမ်းလိုက်သည်။

အရသာရှိလိုက်တာမှ!

အံ့အားသင့်စရာကောင်းစွာပဲ ငါးညှီနံ့လုံးဝမရှိဘူး။ မယုံနိုင်စရာကောင်းလောက်အောင် လတ်ဆတ်ချိုမြိန်တဲ့အရသာပဲရှိသည်။ လုရှသည်စားဖို့မစောင့်နိုင်တော့ပေ။ မမျှော်လင့်ထားပဲ ထိုအချိန်တွင် သူမအနောက်မှအသံတစ်သံထွက်ပေါ်လာသည်။
" ကျွန်တော်နည်းနည်းလောက်မြည်းလို့ရမလား?"

ရုတ်တရက်အသံကြောင့်ထိတ်လန့်သွားပြီး လုရှသည်လက်ထဲကဇွန်းပစ်ချလုနီးပါးဖြစ်သွားသည်။ အလိုအလျောက်သိစိတ်ဖြင့် လှည့်ကြည့်လိုက်ရာ ဘယ်နေရာကမှန်းမသိထွက်လာပြီး သူမအနောက်မှာရပ်နေတဲ့ ကျန်းကျွင်းမော့ကိုမြင်လိုက်ရသည်။

ပေါ်လာသူကပညာတတ်လူငယ်‌တစ်ယောက်ဖြစ်ပြီး ရွာသားတစ်ယောက်မဟုတ်ကြောင်းသိလိုက်ရသဖြင့် လုရှသည်စိတ်သက်သာရာရစွာသက်ပြင်းချလိုက်သည်။ တစ်ယောက်တည်းစားသောက်နေတာ ဖမ်းမိခံလိုက်ရတော့ အနည်းငယ်ရှက်သလိုခံစားလိုက်ရသည်။ ထို့နောက် ဒေါသအရိပ်အယောင်ဖြင့် သူမက " ရှင်ဒီကိုဘယ်လိုရောက်နေတာလဲ? အနောက်ကနေဆိုတော့ လန့်သွားတာပဲ!"

ကျန်းကျွင်းမော့သည်ပထမမေးခွန်းကိုမဖြေပဲ ဒုတိယတစ်ခုကိုတော့ချက်ချင်းပြန်ဖြေလိုက်သည်။
" ကျွန်တော်မင်းကိုခြောက်လှန့်ဖို့မရည်ရွယ်ပါဘူး ကျွန်တော်လမ်းလျှောက်လာတာ ကျယ်ပါတယ် မင်းဘာသာမကြားတာဖြစ်မှာပါ"

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now