Chapter 47

1.9K 230 1
                                    

Chapter 47 – ချန်ယွီကျောင်း

စူးမန့်သည်သူမရဲ့ငြင်းဆန်မှုကိုကြားပြီးနောက် အနည်းငယ်စိတ်ပျက်သွားခဲ့သည်။ လုရှလည်းပညာတတ်လူငယ်များနေရာက ပြည့်ကျပ်ညပ်တဲ့အခြေအနေတွေကို သည်းမခံနိုင်ဟုထင်တာကြောင့် သူမကဖိတ်ခေါ်ခဲ့တာဖြစ်သည်။

နောက်ဆုံးမှာတော့ လုရှသည်သိပ်မချို့တဲ့ပဲ အဝတ်အစားတွေကမကောင်းမွန်သော်ငြား ပိုက်ဆံလုံလုံလောက်လောက်ရှိနိုင်‌တာကို ဒီတလောမှာသူမအကဲခတ်မိခဲ့သည်။

သူတို့ကတူညီတယ်လို့ သူမတွေးခဲ့တာကြောင့် ဖိတ်ခေါ်ခဲ့တာဖြစ်ပေမဲ့ ငြင်းဆန်ခံရမယ်လို့တော့မထင်ထားခဲ့ဘူး။ သူမမျက်နှာအမူအရာ အနည်းငယ်မသာမယာဖြစ်သွားပေမဲ့ ဘာမှတော့မပြောလိုက်ပေ။ ဒါပေမဲ့ ထိုကိစ္စနောက်ပိုင်းမှာ လုရှအပေါ်သူမ‌သဘောထားကပုံမှန်ပြန်ဖြစ်သွားသည်။

စူးမန့်ရဲ့တုံ့ပြန်မှုကိုမြင်လိုက်ရတော့ လုရှသည်စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ ဇာတ်လိုက်တွေနဲ့နီးကပ်လွန်းတဲ့အခါ တစ်ခုခုဖြစ်လာမလားစိုးရိမ်ရလို့ အမြဲတမ်းအစွန်အဖျားအပေါ်မှာ ရှိနေသလိုခံစားရသည်။ သူတို့တွေပြန်ပြီးခပ်စိမ်းစိမ်းဖြစ်သွားကြတာ ကောင်းပါတယ်။

ဒါပေမဲ့ စူးမန့်သည်လုရှဆီမှအငြင်းခံရပြီးနောက် ယာယီအားဖြင့်တော့ထွက်မသွားသေးပါဘူး။ တည်နေရာကအစွန်အဖျားကျမှန်း သူမလည်းသိတာကြောင့် အဖော်တစ်ယောက်လိုချင်တာဖြစ်သည်။

နောက်အကြောင်းရင်းတစ်ခုကတော့ သူမကမချက်ပြုတ်တတ်ရာ အချက်အပြုတ်ကိစ္စနဲ့ပတ်သတ်ပြီး သူမကိုကူပေးမဲ့သူလိုချင်လို့ပါပဲ။

တကယ်တမ်းတော့ လွန်ခဲ့တဲ့ရက်အနည်းငယ် သူမကငှက်ရိုင်းနှစ်ကောင်ထက်ပိုပြီး ဖမ်းမိခဲ့ပေမဲ့ အကုန်လုံးကိုအားလုံးနဲ့ဝေမျှစားရအောင် ယူမလာချင်တာကြောင့် တောင်တွေထဲမှာသူမဘာသာချက်ပြုတ်စားရန် ကြိုးစားခဲ့ပါသည်။ ဒါပေမဲ့ သူမရဲ့အချက်အပြုတ်အရည်အချင်းက ‌မကောင်းမွန်ပဲ အရသာကမျိုချရန်ခဲယဉ်းတာကြောင့် အားလုံးအလဟဿဖြစ်သွားသည်။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Donde viven las historias. Descúbrelo ahora