Chapter 57

1.5K 214 0
                                    

Chapter 57 –  အလုပ်ဆုံးရှုံးခြင်း
.

ထို့နောက် လုရှသည်ဒုတိယစာရွက်ကိုကောက်ယူလိုက်သည်။ ထိုစာရွက်ကတော့ လုချိုးလေသံအတိုင်းရေးသားထားသည်။

သူမထွက်သွားပြီးနောက် လုမိသားစုအိမ်မှာဖြစ်ပျက်ခဲ့တာ‌တွေအကြောင်းကို လုချိုးကပြောပြထားသည်။

လုရှကျေးလက်ကိုထွက်သွားပြီးနောက်နေ့မှာပဲ အမေလုသည်လုချွမ်ကိုအလုပ်သတင်းပို့ရန်အတွက် မီးသီးစက်ရုံသို့ပျော်ရွှင်စွာဖြင့် ခေါ်သွားသည်။ ဒါတင်မကဘူး သူတို့ကလူနေစုပေါင်းခြံဝင်းထဲကလူတိုင်း ထိုအကြောင်းကိုသေချာသိစေခဲ့ကြသည်။

လုချွမ် ရုံးအလုပ်တစ်ခုရခဲ့တာက်ို သိသွားကြချိန်မှာ လူနေစုပေါင်းခြံဝင်းထဲကလူတွေသည် မနာလိုဖြစ်သွားခဲ့ကြသည်။ လူအများအပြားသည် သူမကိုမျက်နှာချိုသွေးပြီး အလားအလာရှိတဲ့လက်တွဲဖော်တွေနဲ့ မိတ်ဆက်ပေးရန်ပင် ကြိုးစားခဲ့ကြသည်။

လူတိုင်းကသူမကိုလေးစားအားကျနေကြသဖြင့် လုချွမ်သည်သူများတွေထက်သာလွန်သည်ဟုခံစားရလျက် ခေါင်းကိုမြင့်မြင့်မော့ထားလေသည်။

ဒါပေမဲ့ မကြာခင်မှာပဲ မီးသီးစက်ရုံကိုရောက်သွားကြချိန်တွင် မျက်နှာဖြတ်ရိုက်ခံလိုက်ကြရပြီး လက်ခံလိုက်တဲ့ဝန်ထမ်းတွေရဲ့စာရင်းထဲမှာ လုရှအမည်နဲ့သူတစ်ယောက်မှမရှိဘူးဟုပြောတာခံလိုက်ရသည်။

အမေလုနဲ့လုချွမ်တို့သည်မယုံကြည်နိုင်ကြပေ။ နောက်ဆုံးမှာတော့ လုရှရဲ့အလုပ်လက်ခံ‌ကြောင်း ကြားလိုက်ရချိန်က မီးသီးစက်ရုံရဲ့တံခါးပေါ်မှာ ကပ်ထားတဲ့စာရင်းကို သူတို့ကိုယ်တိုင်လာကြည့်ခဲ့ကြတာပဲလေ။ အခု လုရှဆိုတာမရှိပါဟုအပြောခံလိုက်ရတော့ ဒါကိုသူတို့ဘယ်လိုလက်ခံနိုင်မှာလဲ?

ဒါပေမယ့် သူတို့လက်မခံချင်ရင်တောင် ဝန်ထမ်းမဟုတ်သူတွေအနေနဲ့ စက်ရုံထဲဝင်ဖို့နည်းလမ်းမရှိခဲ့ပါဘူး။ ထို့ကြောင့် အပြင်ဘက်မှာပဲစုံစမ်းမေးမြန်းနိုင်ခဲ့ကြသည်။ ကံကောင်းစွာနဲ့ တစ်ယောက်ယောက်ကအလုပ်ကိုရောင်းချသွားတယ်ဆိုတာ အလျင်အမြန်ကြားသိခဲ့ကြပြီး ထိုရောင်းသွားတဲ့သူကလုရှပဲဖြစ်ရမယ်လို့ သူတို့သံသယရှိသည်။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now