Chapter 91

957 161 0
                                    

Chapter 91 –  အဖျား
.

" ဒါဆို ရဲဘော်ကုကိုကျွန်မဒုက္ခပေးရအုံးမယ် ရဲဘော်ကျန်းရဲ့လက်ရှိအခြေအနေနဲ့ဆို ကျွန်မဘာဆက်လုပ်ရမလဲမသိဘူး လောလောဆယ်တော့ ကျွန်မသူ့အနားကခွာလို့မရဘူး သူ့ကျန်းမာရေးမကောင်းတာကိုစဉ်းစားကြည့်လိုက်ရင် ဒီလိုအေးခဲနေတဲ့ရာသီဥတုကြီးမှာ မြစ်ထဲကျသွားတာက သူပြန်သက်သာလာနိုင်ပါ့မလားဆိုတာတောင် မသိဘူး"

ကုရှန့်နန် သူမကိုနှစ်သိမ့်ပေးလိုက်သည်။ " မပူပါနဲ့ အဆင်ပြေသွားမှာပါ ဒီကိစ္စနဲ့ကျွန်တော်တို့လက်လွှဲထားလိုက်ပါ ဘာဆက်လုပ်ရမလဲဆိုတာဆွေးနွေးဖို့ ကျွန်တော်ပညာတတ်လူငယ်‌တွေရဲ့တာဝန်ရှိသူတွေဖြစ်တဲ့ ရဲဘော်ကျောက်နဲ့ရဲဘော်စွင်းကိုသွားရှာလိုက်မယ်

လုရှခေါင်းညိတ်ကာ ကျေးဇူးတင်မှုကိုဖော်ပြလိုက်ပြီးနောက် ကုရှန့်နန်ထွက်သွားသည်။ ထို့နောက် လုရှစိတ်သက်သာရာရစွာသက်ပြင်းရှိုက်လိုက်သည်။ ကုရှန့်နန်ဦးစီးဦးဆောင်ပြုပေးမယ်လို့ သူမမမျှော်လင့်ထားခဲ့ပေ။ သူမတို့ဘာသာတစ်ယောက်တည်းဖြေရှင်းရမှာနဲ့စာရင် ဒါကအများကြီးပိုအဆင်ပြေသွားပေလိမ့်မည်။

နောက်ဆုံးမှာတော့ ရွာသားတွေကပညာတတ်လူငယ်တွေကို သဘောမကျရင်တောင် သူတို့ကအားလုံးကိုဆန့်ကျင်လို့မရပေ။ ထို့ပြင် ဒီလူတွေထဲကတစ်ယောက်ကမှ မြို့ကိုဘယ်အချိန်ပြန်နိုင်မလဲမသိကြပေ။

မကြာခင် လီရိသည်ဆရာဝန်နဲ့အတူရောက်လာသည်။ ကျန်းကျွင်းမော့ကိုစစ်ဆေးပြီးနောက် သူ့ခန္ဓာကိုယ်ကအားနည်းပြီး အအေးမိသွားတာကြောင့် အဖျားဝင်နိုင်ချေရှိတယ်လို့ ဆရာဝန်ကဆိုလေသည်။

ဒီစကားကြားလိုက်ရတော့ လုရှသည်သူ့နဖူးကိုစမ်းကြည့်လိုက်ရာ အမှန်ပဲအနည်းငယ်ပူနေတာကိုခံစားမိလိုက်သည်။ ကံကောင်းစွာနဲ့ ဆရာဝန်ကဆေးယူလာခဲ့ပြီး IV drip ချိတ်ပေးခဲ့သည်။

ဒါပေမဲ့ ကျန်းကျွင်းမော့သည်မေ့မြောလျက်ရှိနေပြီး အသိစိတ်ပြန်မလည်လာသေးပေ။ ရေနွေးဆူဖို့စောင့်နေစဉ် လုရှသည်သကြားညိုနဲ့ဂျင်းပြုတ်ရည်ချက်လိုက်သည်။ သူမကပညာတတ်လူငယ်များနေရာမှာ ရေနွေးအိုးတည်နေတာဖြစ်သည့်အတွက် အရမ်းသိသာအောင်လုပ်မရတာကြောင့် စိတ်ဝိဉာဉ်စမ်းရေအနည်းငယ်ကို တိတ်တိတ်လေးခိုးထည့်လိုက်သည်။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now