Chapter 74

1.2K 175 0
                                    

Chapter 74 –  သိုးမွှေးချည်နဲ့ ဓာတ်ဘူး

.

ဒီလူရဲ့စကားကအမှန်ဟုတ်မဟုတ်ဆိုတာ လုရှမသိပေမဲ့ စောင့်ကြည့်ဖို့ဆုံးဖြတ်လိုက်သည်။ မှောင်ခိုဈေးကိုနောက်တစ်ကြိမ်ထပ်ပတ်ကြည့်လိုက်တော့ ဖရဲသီးနဲ့သခွားမွေးသီးတွေရောင်းချနေတဲ့ စျေးသည်တချို့ကိုမြင်လိုက်ရသည်။ စျေးကသင့်တင့်ပြီး သူမသည်အသီးအနှံတချို့ကိုအာသီသဖြစ်နေသည်။ နေရာလွတ်ထဲမှ ပန်းသီးနှင့်သစ်တော်သီးတွေကိုစားရတာငြီးငွေ့နေပြီဖြစ်တာကြောင့် အနည်းငယ်ဝယ်ယူသွားပြီး နောက်မှစားရန်ကြံရွယ်လိုက်သည်။

အသီးတွေဝယ်ယူလို့ပြီးသွားချိန်မှာပဲ ခုနကသူမနဲ့စကားပြောခဲ့တဲ့လူသည် ဟောဟဲလိုက်လျက် ပြန်ရောက်လာတာကိုမြင်လိုက်ရသည်။ သူပြောသွားသလိုပါပဲ ငါးမိနစ်တောင်မကြာလိုက်ပေ။

ထိုလူကသိုးမွှေးချည်တွေအများကြီးမယူခဲ့ပဲ အမျိုးသမီးဝတ်ဆွယ်တာအင်္ကျီတစ်ထည်ထိုးဖို့ လုံလောက်ရုံလောက်သာရှိနိုင်သည်။ အရောင်အဆင်းကအနည်းငယ်ကြည့်ရဆိုပြီးတော့ ခပ်မှိုင်းမှိုင်းမီးခိုးရောင်သန်းတဲ့အညိုရောင်ဖြစ်ပေမဲ့ ဆယ့်နှစ်ယွမ်ခေါ်ထားပြီး စျေးကတော့အမှန်အကန်စျေးကြီးလေသည်။

ဒီလူသည်ခုနကဒါမျိုးတစ်ခုမှဘာကြောင့်မယူလာတာလဲဆိုတာ လုရှနောက်ဆုံးမှာသဘောပေါက်သွားသည်။ သူကရောင်းမထွက်မှာကိုစိုးရိမ်တာဖြစ်နိုင်သည်။

ဘာပဲဖြစ်ဖြစ် လုရှဝယ်ယူလိုက်ပါသည်။ သူမကကိုယ့်အတွက်ကိုယ် ဝတ်ဆင်ရနွေးထွေးပြီးသက်သောင့်သက်သာဖြစ်တဲ့ ဆွယ်တာတစ်ထည်ထိုးဝတ်ရန် ရည်ရွယ်လိုက်သည်။ ဒီနည်းနဲ့သာဆို အရှေ့မြောက်ပိုင်းကအေးစက်တဲ့ဆောင်းရာသီကို ကြောက်စရာမလိုတော့ပေ။

သူမဒီလောက်အလျင်အမြန်သဘောတူလိုက်လို့ ထိုလူသည်ဝမ်းသာသွားပြီး သူမကိုချည်ထိုးတဲ့အပ်တချို့ပင်ပေးလိုက်သည်။ လုရှ ငွေပေးချေပြီးနောက် ဖရဲသီးနဲ့သခွားမွှေးသီးတွေကိုသယ်ကာ ထွက်လာခဲ့သည်။

သူမနောက်ကိုဘယ်သူမှမလိုက်လာကြောင်း အတည်ပြုပြီးတာနဲ့ ခုနကလမ်းကြားကိုပြန်သွားပြီး မူလဝတ်စုပြန်လဲလှယ်ဝတ်ဆင်လိုက်ကာ မျက်နှာပေါ်မှမိတ်ကပ်တွေဖျက်၍ ဖရဲသီးတွေကိုခြင်းတောင်းနဲ့အတူ နေရာလွတ်ထဲမှသိမ်းဆည်းလိုက်ပြီး လက်ထဲမှာသိုးမွှေးချည်တွေဖြင့် ထွက်လာခဲ့သည်။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now