Chapter 17

2.1K 257 1
                                    

Chapter 17 – ကုန်ပစ္စည်းစစ်ဆေးခြင်း

သူဌေးရဲ့စကားတွေကိုကြားလိုက်ရတော့ လူစုသည်အိတ်တွေကိုထုတ်ယူပြီး ကုန်တွေစတင်စစ်ဆေးတော့သည်။ သူတို့ကလက်ဆော့ထားတာမျိုးမဖြစ်စေရန် အောက်ခြေအထိပင် အသေးစိတ်စစ်ဆေးကြသည်။

သူမရဲ့ဆန်တွေကို သူတို့အိတ်ထဲတိုက်ရိုက်လောင်းသွန်ချကာ ဆန်ထည့်ဖို့ သူမမူလကသုံးခဲ့တဲ့အိတ်တွေကို ချန်ထားခဲ့တာကြောင့် လုရှကိုပျော်ရွှင်သွားစေသည်။

လုရှအပျော်လွန်သွားသည်။ သူမနေရာလွတ်ထဲမှာရှိတဲ့ အိတ်တစ်ရာကုန်သွားရင် နောက်ထပ်အိတ်တွေ ဘယ်မှာသွားဝယ်ရမလဲဆိုတာနဲ့ပတ်သတ်ပြီး စိတ်ပူခဲ့ရသည်။ ဒီလိုဆို သူမအတော်လေးချွေတာနိုင်သွားသည်။

ထိုစဉ် သူဌေးသည်ပထမဆုံးဆန်အိတ်ရဲ့ အရည်အသွေးကိုစစ်ဆေးလိုက်ပြီး နောက်ဆုံးမှာ စိတ်ကျေနပ်စွာခေါင်းညိတ်လိုက်သည်။

ဒီဆန်တစ်သုတ်ကတကယ့်ကိုထူးကဲတာပဲ။ မနေ့ကသူ့လူတွေယူပြန်လာတဲ့ ပမာဏအနည်းငယ်ကို သူမြည်းစမ်းကြည့်ပြီးပြီ။ အမှန်ပဲအရည်‌အသွေးမြင့်တယ်။ ဆန်ပြုတ်ပြုတ်စားတာတောင်မှ အရသာသည်သာလွန်ပြီး ဆန်မှာသဘာဝအချိုဓာတ်လေးပါသည်။ ထိုဆန်သည် အရည်အသွေးအမျိုးမျိုးဖြင့် စျေးကွက်မှာရနိုင်တဲ့ဆန်အမျိုးမျိုးကို ကျော်လွန်သွားပြီး အရင်ကသူတွေ့ဖူးတဲ့ အရည်အသွေးအကောင်းဆုံးဆန်ထက်ပင် ပိုကောင်းသည်။

အရည်သွေးကောင်းဆုံးဆန်ကို အရည်အသွေးအကောင်းဆုံးလို့ ခေါ်ရခြင်းအကြောင်းအရင်းသည် ရှားပါးပြီး လက်ရွေးစင်တချို့ကိုပဲ ထောက်ပံ့ပေးတာကြောင့်ဖြစ်သည်။

အခု လုရှသည်အရည်အသွေးအကောင်းဆုံးဆန်ထက် အရည်အသွေးပိုမြင့်တဲ့ဆန်အများကြီးကို တင်သွင်းနိုင်သဖြင့် ဒီထုတ်ကုန်ရဲ့ဇစ်မြစ်နဲ့ပတ်သက်ပြီး သူ့ကိုသိချင်စိတ်ဖြစ်စေတာမြေကြီးလက်ခတ်မလွဲပေ။

ဒါပေမယ့် သိချင်စိတ်ဖြစ်ရုံပါပဲ။ သူကစီးပွားရေးသမားတစ်ယောက်ဖြစ်ရာ ဘယ်အချိန်မှာမေးပြီး ဘယ်အချိန်မှာမမေးရဘူး ဆိုတာကိုသိပါသည်။ ထို့ပြင် ခုနကလုရှပြောသွားတာကိုအခြေခံရရင် အနီးအနားမှာ သူမကိုစောင့်နေတဲ့လူတွေ ရှိနေသေးသည်။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now