Chapter 38

1.8K 225 0
                                    

Chapter 38 – တခြားအလုပ်များ

.

သူတို့သည်ပေါင်းမြက်တွေကို အကြိမ်ပေါင်းများစွာဆွဲနှုတ်ရမည်ဖြစ်ကြောင်း ကြားလိုက်ရတဲ့အခါ လုရှသည်မူးဝေသလိုခံစားလိုက်ရသည်။ ပေါင်းသတ်ဆေးအသုံးပြုခြင်းလို ပိုမိုလွယ်ကူတဲ့နည်းလမ်းရှိတယ်မဟုတ်ဘူးလား?

ဒီအချိန်မှာ ပေါင်းသတ်ဆေးတွေတီထွင်ပြီးလောက်ပြီမဟုတ်ဘူးလား? ဘာဖြစ်လို့သူတို့အသုံးမပြုကြတာလဲ?

အခုထိကျယ်ကျယ်ပြန့်ပြန့်မကျင့်သုံးရသေးတာလား? ကောင်းပြီလေ သူမအတွေးလွန်နေတာပဲ။

နောက်ဆုံးမှာတော့ အလုပ်လုပ်ဖို့ကျေးလက်ကိုလာတာဖြစ်ရာ ဒီတာဝန်မဟုတ်ရင် တခြားတာဝန်တွေတော့ရှိမှာပဲ။ ဘာပဲဖြစ်ဖြစ် သူတို့မှာအားလပ်ချိန်များများစားစား ရှိမှာမဟုတ်ပေ။ လုရှသည်တစ်နာရီကျော်ကြာအောင်အလုပ်လုပ်ခဲ့ပြီး အလွန်ပင်ပန်းနွမ်းနယ်သွားသည်။ သူမခါးနဲ့ခြေထောက်တွေက သူမအပိုင်မဟုတ်တော့သလိုမျိုးခံစားရသည်။

ကျွမ်းဟုန်မိန်သည် တမင်တကာလေးဖင့်နေပြီး မကြာခဏသန့်စင်ခန်းကိုသွားတာ ဒါမှမဟုတ် လယ်ကွင်းဘေးမှာအနားယူနေခဲ့သည်။ စူးမန့်သည်လုရှကဲ့သို့ပင် တူညီတဲ့အရှိန်နှုန်းရှိသည်။ သူမသည်လည်းအလုပ်မလုပ်ချင်ပုံရပေမယ့် အခုမှရောက်ကာစဖြစ်သည့်အတွက် ထင်မြင်ချက်ကောင်းပြုလုပ်ရမည်ဆိုတာသိလေသည်။

လုရှသည်အာခြောက်သလိုခံစားလိုက်ရပြီး ခြစ်ခြစ်တောက်ပူနေတဲ့နေကိုတချက်မော့ကြည့်လိုက်သည်။ သူမရပ်တန့်လိုက်ပြီး စိတ်ဝိဉာဉ်စမ်းရေဖြည့်ထားတဲ့ ရေဘူးထဲမှရေတစ်ငုံသောက်လိုက်သည်။ ချက်ချင်းဆိုသလို အများကြီးသက်သာသွားလိုခံစားလိုက်ရပြီး ရေဘူးယူခဲ့တာကိုကျေးဇူးတင်မိသွားသည်။

ခဏတဖြုတ်အနားယူပြီးနောက် အလုပ်ဆက်လုပ်လိုက်သည်။ သူမသည်စွင်းရှန်းနန်နဲ့တခြားသူတွေရဲ့အနောက်မှာ အတော်ကျန်ခဲ့ပြီဖြစ်ရာ အများကြီးကွာဟကျန်ခဲ့ရင် ကောင်းမှာမဟုတ်ပေ။

နောက်ဆုံးတွင် သူတို့သည် အလုပ်သိမ်းဖို့အချိန်ဖြစ်ကြောင်း ညွှန်ပြနေသည့် ရွာလူကြီးရဲ့အချက်ပြမှုကိုကြားလိုက်ရချိန် နေ့လည်တိုင်အောင်သည်းခံခဲ့ကြသည်။ လုရှသည်နောက်ဆုံးမှာ စိတ်သက်သာရာရစွာသက်ပြင်းချလိုက်သည်။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now