Chapter 61

1.5K 207 0
                                    

Chapter 61 – လူတွေကိုစော်ကားခြင်း
.

တကယ်တော့ ဒီအချိန်ကာလအတောအတွင်းမှာ ချန်ယွီကျောင်းနဲ့စူးမန့်ကြား တအုံ့နွေးနွေးကိစ္စတွေကို လူတိုင်းခံစားမိကြပါသည်။ အရင်းစစ်လိုက်တော့ အားလုံးကကုရှန့်နန်ကြောင့်ပါပဲ။

ယခင်က ချန်ယွီကျောင်းရောက်မလာသေးခင်က စူးမန့်သည်ကုရှန့်နန်နဲ့နီးနီးစပ်စပ်ရှိခဲ့ပြီး လူတိုင်းဒါကိုခံစားမိကြသည်။ ဒါပေမဲ့ ချန်ယွီကျောင်းရောက်လာပြီးနောက်မှာ အထူးသဖြင့် သူမကကုရှန့်နန်နဲ့စေ့စပ်ထားခဲ့သည့်အတွက် ထိုသုံးယောက်ကြားကဆက်ဆံရေးသည် ရှုပ်ထွေးလာခဲ့သည်။

ဒီအကြောင်းတွေးလိုက်တော့ စွင်းရှန်းနန်သည်စူးမန့်ဆီမှ ဘာကိုမှအတင်းမတောင်းဆိုတော့ပေ။ ထို့ကြောင့် အဲ့ဒီအစားသူမကကုရှန့်နန်ကိုသွားရှာလိုက်သည်။

စွင်းရှန်းနန်သည်ကုရှန့်နန်ကိုဘာပြောလိုက်လဲဆိုတာ မသေချာပေမဲ့ အလုပ်ဆင်းပြီးနောက်တွင် ကုရှန့်နန်သည်ချန်ယွီကျောင်းကို ဝက်စာမြက်ဖြတ်ပုံသင်ကြားပေးရန် ကိုယ်တိုင်ခေါ်သွားခဲ့သည်။

နောက်တစ်နေ့ သူတို့အလုပ်စလုပ်ချိန်တွင် ချန်ယွီကျောင်းရဲ့ဝက်စာမြင်ဖြတ်ခြင်းသည် အောင်မြင်တဲ့အဆင့်ရောက်ရုံသာသာရှိပေမဲ့ ရွာထဲကကလေးတွေရဲ့အလုပ်နဲ့တော့ မယှဉ်နိုင်တာကြောင့် နေ့တစ်ဝက်စာအလုပ်ပမာဏလို့ပဲ ရေတွက်နိုင်သည်။  ဒါပေမဲ့ ချန်ယွီကျောင်းသည်အရမ်းပျော်ရွှင်နေပါသေးသည်။ အလုပ်ပြီးနောက် သူမကကုရှန့်နန်ကိုဖက်တွယ်ထားကာ မရပ်မနားကျေးဇူးတွေတင်နေတော့သည်။

သူမအလုပ်ကောင်းကောင်းလုပ်နိုင်ခဲ့တာက သူ့အကူအညီကြောင့်လို့ သူမကမှတ်ယူသည်။ ကုရှန့်နန်သည်စိတ်အနှောင့်အယှက်ဖြစ်သွားပေမဲ့ သူမကိုတွန်းမဖယ်နိုင်ခဲ့ပေ။

ထိုစဉ် စူးမန့်မျက်နှာထားကတော့ အေးစက်သည်ထက်အေးစက်လာသည်။ တခြားသူတွေလည်း ဘာမှဝင်မပြောခဲ့ကြပေ။

ထိုအခိုက်တွင် စူးမန့်သည်ချန်ယွီကျောင်းရဲ့မျက်လုံးတွေထဲက ရန်စမှုကိုမြင်လိုက်ရပြီး အေးစက်စွာခပ်ဟဟရယ်လိုက်သည်။ သူမသည်သူတို့ကိုဂရုမစိုက်တော့ပဲ အခန်းထဲလှည့်ဝင်ကာ တောကြက်ရိုင်းတစ်ကောင်ထုတ်ယူလာခဲ့သည်။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now