Chapter 76

1.9K 225 7
                                    

Chapter 76 –  လုရှရဲ့သတိပေးချက်

.

ဒီနေ့တွင် လုရှနဲ့စွင်းရှန်းနန်တို့သည် အတူအလုပ်ပြီးစီးသွားကြပြီးတော့ ထိုစကား‌ဝိုင်းကိုကြားလိုက်ကြသည်။

စွင်းရှန်းနန်သက်ပြင်းရှိုက်လိုက်သည်။
" ရဲဘော်ကျန်းရဲ့အခြေအနေကသိပ်မကောင်းဘူးလို့ ငါထင်တယ်"

လုရှပဟေဠိဖြစ်သွားသည်။ " ဘာဖြစ်လို့လဲ? ချွင်းယန်ဆိုတဲ့ဒီမိန်းကလေးကြောင့်လား? သူအဲ့ဒီကောင်မလေးကိုလက်မထပ်လောက်ပါဘူး"

သူမကကျန်းကျွင်းမော့နဲ့မကြာခဏအတူသွားချက်ပြုတ်စားသောက်‌တတ်လို့ သူနဲ့ပတ်သတ်ရင်သူများတွေထက်အများကြီးပိုသိတာကြောင့် ဒီကိစ္စနဲ့ပတ်သတ်ပြီး လုရှအတော်လေးသေချာပါသည်။ သူကကျန်းမာရေးမကောင်းသော်ငြား သူ့မှာအတော်လေးမြင့်မားတဲ့ကိုယ့်ကိုကိုယ်တန်ဖိုးထားမှုရှိသည်။ သူကရွာသူမလေးတစ်ယောက်ကို စိတ်ဝင်စားမှာမဟုတ်ပေ။

ဒါပေမဲ့ စွင်းရှန်းနန်သက်ပြင်းထပ်ရှိုက်လိုက်သည်။
" ရဲဘော်ကျန်းကဒီမိန်းကလေးချွင်းယန်ကိုစိတ်မဝင်စားလောက်တာ ငါသိပါတယ် ဒါပေမဲ့ ချွင်းယန်ကရွာစာရင်းကိုင်ရဲ့သမီး သူကရုပ်ရည်ကြည့်ကောင်းတော့ ရွာထဲမှာအမြဲလူကြိုက်များထင်ရှားခဲ့တာ ရွာလူကြီးသမီးကလွဲရင် ဘယ်သူမှသူနဲ့မယှဉ်နိုင်ဘူး

ရွာထဲကအမျိုးသားအများအပြားကသူ့ကိုသဘောကျကြပေမဲ့ အလယ်တန်းကျောင်းကဘွဲ့ရပြီးတော့ သူကမြို့သားကိုပဲရှာဖို့ အမြဲရည်စူးထားခဲ့တာ ဘာကြောင့်လဲတော့မသိပေမဲ့ သူကအခုရဲဘော်ကျန်းကိုစိတ်ဝင်စားနေတာ ရဲဘော်ကျန်းသာသူ့ကိုငြင်းလိုက်ရင် နောက်ဆိုရဲဘော်ကျန်းအတွက်ခက်ခဲသွားနိုင်တယ်

နောက်ဆုံးမှာတော့ စာရင်းကိုင်တို့မိသားစုကသူတို့သမီးကိုဖူးဖူးမှုတ်အလိုလိုက်ထားတာလို့ကြားတယ်"

ဒီအကြောင်းကြားလိုက်ရပြီးနောက် လုရှလည်းကျန်းကျွင်းမော့အတွက်စိတ်မကောင်းဖြစ်သွားသည်။ ကျန်းကျွင်းမော့ရဲ့မိသားစုအခြေအနေကမဆိုးရွားလောက်တာကို လုရှတွေးကြည့်နိုင်ပေမဲ့ သူတို့အခြေအနေကကောင်းတယ်ဆိုရင်တောင် အခုချိန်မှာဒီကိုလက်လှမ်းမမှီ‌နိုင်လောက်ပေ။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now