Chapter 24

2.1K 271 3
                                    

Chapter 24 – နာရီ

အမြဲလိုလိုနာခံမှုရှိခဲ့တဲ့ဒုတိယသမီးက ရုတ်တရက်ကြီးလျှာစောင်းထက်လာပြီး ထိုကဲ့သို့ကြမ်းတမ်းတဲ့စကားတွေပြောလာမည်ဟု မမျှော်လင့်ထားပုံရသည်။

အမေလုသည်သူမကိုလက်ညှိုးငေါက်ငေါက်ထိုးကာ ဒေါသတွေဖြင့်တုန်ယင်နေပေမဲ့ သူမဘာမှမပြောနိုင်ခင် အဖေလုသည်တူတွေကိုစားပွဲပေါ်ဆောင့်ချလိုက်သည်။

" သူ့ကိုပေးလိုက်!"

အမေလုခဏလောက်တုံ့ဆိုင်းသွားပြီး မျက်နှာထားကဝန်လေးနေပေမဲ့ အဖေလုရဲ့အေးစက်စက်မျက်နှာကိုတွေ့လိုက်ရတော့ သူမအခန်းထဲပြန်သွားကာ ပိုက်ဆံယူထုတ်လာသည်။

လုရှသည်မနှောင့်မနှေးလက်ခံယူလိုက်ပေမဲ့ ယွမ်နှစ်ရာပဲယူလိုက်ပါသည်။
" ကျန်တာတွေကို စောင်တွေအတွက်ပေးတယ်လို့ သဘောထားလိုက်"

အမေလုသည်ဒေါသကြောင့် တစ်ခုခုပြောလိုက်ချင်ပေမဲ့ အဖေလုထမင်းစားပွဲမှထသွားပြီဖြစ်တာကိုမြင်လိုက်ရတော့ သည်းခံထားလိုက်သည်။

ရှုပ်ရှုပ်သဲသဲဖြစ်မှုက လူတိုင်းကိုစားချင်စိတ်အာသီသပျောက်ဆုံးသွားစေပေမဲ့ လုရှကတော့သူတို့ပျော်လားမပျော်လား ဂရုမစိုက်ပေ။ သူမကတော့အတော်လေးစိတ်ကျေနပ်သွားပြီး ထမင်းကိုနှစ်ခြိုက်စွာစား‌လိုက်သည်။ ဒီနေ့အစားအစာက ခါတိုင်းလိုပန်းကန်ဆေးရေအရသာမပါပေ။

လက်ရှိအခြေအနေမှာ တခြားသူတွေသည်သူမကို ဘာတစ်ခုမှပြောချင်စိတ်မရှိကြပေ။ ထမင်းကိုလက်စသတ်ပြီးနောက် လုရှသည်ထမင်းပန်းကန်ကိုချကာ အခန်းထဲပြန်ဝင်သွားသည်။

အခန်းထဲကနေ အပြင်ကအမေလုရဲ့တဖျစ်တောက်တောက်ပြောဆိုနေသံကို ကြားနေရသေးပေမဲ့ လုရှအာရုံထဲထည့်မနေပဲ အဖေလုရဲ့သဘောထားကြောင့် လှောင်ပြုံးမပြုံးမိပဲမနေနိုင်ပေ။

အဖေလုသည် အမြဲလိုလိုအနေအေးပြီး သားသမီးတာဝန်ကျေပွန်ကာ တခြားသူတွေရဲ့မျက်လုံးထဲမှာ ရိုးသားလွန်းပုံပေါက်သဖြင့် ရာထူးပြောင်းနိုင်စွမ်းမရှိပဲ နှစ်ပေါင်းများစွာကြာအောင် ကုန်တင်ကုန်ချသမားအဖြစ်အလုပ်လုပ်ရတဲ့ အဖြစ်ကိုရောက်စေခဲ့ပေမဲ့ အိမ်မှာတော့ သူကဆုံးဖြတ်ချက်တွေချတဲ့သူဖြစ်ပြီး အမေလုကတော့ကြမ်းတမ်းတဲ့ပုံပေါက်သော်ငြား အရေးကြီးတဲ့ကိစ္စတွေနဲ့ပတ်သတ်လာရင် အဖေလုရဲ့စကားကိုနားထောင်ရသေးသည်။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now