Chapter 14

2.2K 259 6
                                    

Chapter 14 – ညစာ

" ဘာဖြစ်လို့လဲ?"
လုရှသတိထားလျက်မေးကာ အချိန်မရွေးထွက်ပြေးရန်အသင့်ပြင်လိုက်သည်။

ထိုလူကသူမရဲ့သတိထားမှုကို ခံစားမိသွားပုံရပြီး လိုရင်းကိုတဲ့တိုးပြောလိုက်သည်။
" မင်းမှာကုန်ပစ္စည်းအပိုတွေရှိလားလို့ မေးကြည့်ချင်လို့ပါ မင်းဆီကနေငါတို့တိုက်ရိုက်ဝယ်ပေးလို့ရပါတယ်"

သူ့ရည်ရွယ်ချက်ကိုသတိထားမိလိုက်တော့ လုရှမျက်ခုံးတစ်ဖက်ပင့်လိုက်သည်။

ဆိုတော့ သူတို့ကတစ်ဆင့်ရောင်းဝယ်သူတွေ ဖြစ်လာချင်တာလား?

ဒါပေါ့ လုရှသဘောတူလိုက်ချင်ပါသည်။ သူမသာသူတို့ကိုတိုက်ရိုက်ရောင်းချလိုက်ရင် သူမကိုပြဿနာအများအပြားကနေ သက်သာစေလိမ့်မည်။ ဒါပေမဲ့ သူမဒီလောက်မြန်မြန်သဘောတူလိုက်လို့မရပေ။ လက်ရှိတွင် သူမကိုယ်သူကာကွယ်ရန်နည်းလမ်းမရှိရာ ဒါကထောင်ချောက်တစ်ခုဖြစ်သွားမယ်ဆိုရင် ကောင်းမှာမဟုတ်ပေ။

ထို့ကြောင့် သူတို့ရဲ့ခေါင်းဆောင်အကြောင်းကို သူမဂရုတစိုက်မေးမြန်းစုံစမ်းကြည့်လိုက်ပြီး သူ့မှာအဆက်အသွယ်ရှိကြောင်းသိလိုက်ရသည်။ မှောင်ခိုဈေးဒီလောက်ကြီးကြီးမားမား လုပ်ဆောင်နိုင်တာ သူ့ရဲ့အဆက်အသွယ်တွေကြောင့်ပင်။

ထို့ပြင် သူကသစ္စာရှိပြီး လူအများအပြားကိုကူညီပေးခဲ့သည်။

ဒီသတင်းအချက်အလက်ကြောင့် လုရှအနည်းငယ်စိတ်ပါဝင်စားသွားသည်။ သူမခဏလောက်တွေးလိုက်ပြီး " အင်း ကျွန်မမှာကုန်တချို့ရှိတယ် ဆန်တင်မကဘူး ဂျုံနဲ့ပြောင်းလည်းရှိတယ် အားလုံးကထူးကဲတဲ့အရသာနဲ့ အရည်အသွေးမြင့်ထုတ်ကုန်တွေပဲ အရင်ဆုံးစမ်းကြည့်ဖို့ ရှင့်ကိုကျွန်မတစ်ချို့တလေပေးလို့ရတယ် ဒါပေမဲ့ ဈေးကတော့လျှော့ပေးလို့မရဘူး"

အမျိုးသားကခဏလောက်တွေးဆပြီး ပြန်ဖြေသည်။  " ကောင်းပြီလေ ဒီအကြောင်းကိုငါ့သူဌေးကိုပြန်ပြောလိုက်မယ်"

ထို့နောက် လုရှသည်မျက်ကွယ်ရာတစ်နေရာသို့သွားရန် ဆင်ခြေရှာလိုက်ပြီး အစေ့အဆံအမျိုးမျိုးကိုပမာဏအနည်းငယ်စီ ထုတ်ယူလိုက်ပြီး အစောင့်ဆီပြန်လာပေးလိုက်သည်။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now