Part 1

65.3K 3.4K 54
                                    

[Zawgyi]

Munich : Germany

လက်ထဲမှာကိုင်ထားသည့် လက်ကျန်စီးကရက်ကို နှုတ်ခမ်းနားတေ့ကာ တစ်ချက်ဖွာရှိုက်လိုက်ပြီးသည်နှင့် ပစ်ချကာ ဖိနပ်ထိပ်နှင့်ဖိချေလိုက်သည်။ Lamborghini ပြိုင်ကားအနီလေးကိုမှီရပ်ကာ ဝတ်ထားသည့် နီညိုရောင် style pant အိတ်ကပ်ထဲလက်ထည့်ရင်း တစ်ခုခုကို စောင့်ဆိုင်းနေရင်း ဘယ်ဘက်လက်မှာ ပတ်ထားသည့်နာရီလေးကို တစ်ချက်ငုံ့ကြည့်လိုက်သည်။

အချိန်အနည်းငယ်လောက်မှာ ကားရှေ့တည့်တည့်ကို ရောက်လာသည့် Audi ပြိုင်ကားအနက်တစီးကြောင့် စောင့်ဆိုင်းနေသည့် Daniel ရဲ့ နှုတ်ခမ်းထောင့်လေးက မသိမသာ ကွေးတက်လာသည်။

ပြိုင်ကားလေးကိုမှီပြီး ရပ်နေရာကနေ ခပ်မတ်မတ်ရပ်ပြီး ဝတ်ထားသည့် ကုတ်အင်္ကျီနီညိုရောင်လေးကို ခပ်ပြေပြဖြေစ်အောင် အသာဆွဲဆန့်လိုက်ပြီးသည်နှင့် ကားရှေ့ကိုထွက်ပြီး မတ်တပ်ရပ်နေလိုက်သည်။

ရောက်နေသည့်နေရာက Danube မြစ်ကမ်းနံဘေးရဲ့ တိတ်တိတ်ဆိတ်ဆိတ်နေရာဖြစ်ပေမယ့် အဝေးက မှိန်ပျပျအလင်းရောင်လေးတွေကြောင့်ရော၊ ကားရှေ့မီးတွေပါ ဖွင့်ထားတာမလို့ ကားရှေ့မှာရပ်နေသည့် နီညိုရောင်ဝမ်းဆက်နှင့် Daniel က တောက်ပနေသည်။ ကုတ်အင်္ကျီအောက်မှာ ခံဝတ်ထားသည့် အနက်ရောင်ရှပ်အင်္ကျီရဲ့ ရင်ဘတ်က ခပ်ဟဟလေးမလို့ ဖြူစွတ်နေသည့် လည်ပင်းရဲ့ အသားအရည်က ထင်းလင်းနေသည်။

" ဟေး Daniel ... Leon ကို ငါလိုက်နေမှန်းသိလို့ မင်းဖြတ်ခုတ်သွားတာမလား "

အနက်ရောင်ပြိုင်ကားလေးထဲက ဆင်းလာသည့်တစ်ယောက်က Daniel ရဲ့ မျက်စိရှေ့တည့်တည့်ကို ရောက်ရောက်ချင်း ပြောလာသည့်စကားကြောင့် တွန့်ကွေးကာ အပေါ်ကို အနည်းငယ်ကွေးတက်နေသည့်နှုတ်ခမ်းက ခပ်ဟဟရယ်လိုက်သည့်အဆင့်ကို ရောက်သွားသည်။

" Oh !!! Say again Max ... ငါဖြတ်ခုတ်တယ်ဖြစ်ရအောင် ငါ့အတွက်က ပတ်သတ်စရာလူရှားလို့လား "

" မင်း မင်း ... ယောက်ျားဆို ယောက်ျားစကားပြော ... မင်းဖြတ်မခုတ်ပဲ Leon က မင်းဆီကို ရောက်လာစရာလား "

မထီမဲ့မြင်အပြုံးတို့နှင့် ပြောလိုက်သည့် Daniel ရဲ့ပုံစံက မြင်နေရသူ Max အဖို့ နဂိုထွက်နေသည့် ဒေါသမီးကို ဓာတ်ဆီထည့်လောင်းလိုက်သလို ဖြစ်သွားသည်။

Love Me Like The Way [Completed]Where stories live. Discover now