Extra-Marriage Life (3)

10K 1K 7
                                    

[Zawgyi]

ရုံးခန်းထဲမှာထိုင်ရင်း အလုပ်လုပ်နေရပေမယ့် Daniel မှာ စိတ်နဲ့လူနဲ့မကပ်ပေ။ မနက်စောစောစီးစီး စကားများရပြီး စိတ်ဆိုးသွားတဲ့ အသေးလုံးလေးကြောင့် အလုပ်ထဲအာရုံမရပဲ အလုပ်စောစောဆင်းကာ ပြန်ချော့ဖို့သာ လောနေရသည်။ ဖြစ်ချင်တော့ ဒီနေ့မှ Daniel အဖို့ အလုပ်နဲ့လက်နဲ့ မပြတ်။ ခရီးသွားလုပ်ငန်းတိုးချဲ့ရန် ပရောဂျက်အတွက် အကျိုးတူပူးပေါင်းမည့် ရှယ်ယာဝင်တစ်ယောက်နှင့် တွေ့ရဦးမည်။ ရှယ်ယာဝင်မယ့်သူနှင့် တွေ့ပြီးရင်တော့ ဘာအလုပ်ရှိနေရှိနေဖျက်ကာ အိမ်ပြန်မည်။ အိမ်က ရွှေစိတ်တော်ညိုနေသည့် အသေးလုံးလေးကိုခေါ်ကာ အပြင်ထွက် date ပြီး ချော့ရမည်လို့သာ Daniel တွေးထားလိုက်သည်။

အလုပ်လုပ်ချင်နေတဲ့ အသေးလုံးလေးကိုတော့ Daniel ဘယ်လိုနည်းနဲ့မှ ခွင့်မပြုနိုင်။ လုပ်ချင်တဲ့အလုပ်က အသေးလုံးလေး ကျွမ်းကျင်တဲ့အလုပ် ဖြစ်ပေမယ့် လုံးဝစိတ်မချနိုင်ပါ။ Daniel ကိုယ်တိုင်က အိမ်ထောင်ဖက်ဖြစ်တဲ့ အသေးလုံးလေးကို ပြည့်ပြည့်ဝဝဦးဆောင်နိုင်တယ် တွေးထားတာကြောင့် အပြင်ထွက်ပြီး အလုပ်မလုပ်စေချင်။ တွေးချင်ရာတွေးနေပြီးမှ Daniel လက်မှာပတ်ထားတဲ့နာရီကို ကြည့်လိုက်မိသည်။ နေ့လည်သုံးနာရီမှာ ရှယ်ယာဝင်နှင့်တွေ့ဖို့ အချိန်နီးနေပြီဖြစ်တာကြောင့် လုပ်လက်စတွေကို လက်စသတ်ရင်း အလုပ်စားပွဲကထကာ ရုံးခန်းထဲက ဧည့်တွေ့ဆိုဖာပေါ်မှာထိုင်ရင်း စောင့်နေလိုက်သည်။

ဒေါက် ... ဒေါက် ...

အကျိုးတူပူးပေါင်းဖို့အတွက် လိုအပ်မယ့် အချက်အလက်တွေကို Daniel ကြည့်ရင်း ထိုင်နေချိန် တံခါးခေါက်သံကြားတာကြောင့် လက်ထဲကဖိုင်တွဲကို စားပွဲပေါ်ချပြီး ထိုင်နေရာကနေ မတ်တပ်ရပ်ကာ ဝတ်ထားသည့် suit လေးကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ဆွဲချလိုက်သည်။

" Komm herein " (ဝင်ခဲ့ပါ)

Daniel ရဲ့ ခွင့်ပြုသံအဆုံးမှာ တံခါးကပွင့်လာပြီး အတွင်းရေးမှူးက ဖိုင်တွဲတွေကိုကိုင်ကာ အရင်ဝင်လာသည်။

" Partner ist hier " (သူရောက်ပါပြီ)

ခေါင်းငုံ့ရင်းပြောလိုက်သည့် အတွင်းရေးမှူးစကားကို Daniel က အသိအမှတ်ပြုသလို တစ်ချက်ခေါင်းညိမ့်ပြလိုက်ရင်း နောက်ကလိုက်ဝင်လာသည့်သူကို ကြည့်လိုက်တော့မှ မျက်မှောင်တွေတွန့်ချိုးသွားတော့သည်။

Love Me Like The Way [Completed]Where stories live. Discover now