Part 32

13K 1.3K 37
                                    

[Zawgyi]

" ဟင်း ... "

" စိတ်ထဲပေါ့သွားပြီလား baby "

အစ်ကိုကောင်းမြတ်ဟိန်း ပြန်သွားတာကို မျက်စိတစ်ဆုံး လိုက်ကြည့်ရင်း သက်ပြင်းတွေမှုတ်ထုတ်မိတော့ ဘေးမှာထိုင်နေတဲ့ Daniel က စစ်မင်းရဲ့ ဆံပင်လေးတွေကို သပ်တင်ပေးရင်း မေးလာသည်။ ဆုပ်ကိုင်ထားတဲ့ လက်လေးတစ်ဖက်ကလည်း နွေးနွေးထွေးထွေး ဆုပ်ကိုင်ထားပေးထားတာမလို့ ပြုံးရပါသည်။

" အင်း ... ဒါပေမယ့် အစ်ကို့ကို အားနာလို့ဘယ်လိုလုပ်ရပါ့ "

" အဆင်ပြေသွားမှာပါ baby ... ကိုယ်နားလည်ပါတယ် "

" အခုလေ ... "

" အင်း baby ... ပြောလေ "

ပြောလက်စ စကားကို ဆက်မပြောပဲရပ်ထားကာ Daniel ကို စိုက်ကြည့်နေတဲ့ အသေးလုံးလေးကြောင့် ဆံပင်လေးတွေ သပ်တင်ပေးနေတာကိုရပ်ပြီး ဆက်ပြောဖို့ စကားထောက်ပေးမိသည်။

" ကိုကို့မှာလေ ကလေးလေးပဲရှိတော့တာ ... ကလေးလေးက ထားသွားလို့မရဘူးနော် . တကယ်လို့ ထားသွားရင် ကိုကို . အင့် ...  ကိုကိုကလေ သေပစ်မှာ "

" ဟာ ... baby baby ကိုယ့်ကိုကြည့် ... တိတ်ပါဦး ... ကိုယ့်ကိုကြည့်ဦး . မငိုနဲ့လေ baby ရာ "

စကားအေးဆေးပြောနေရင်း ဘယ်လိုတွေထဖောက်ပြီး Daniel ကို မော့ကြည့်ကာ ကြေကြကွေဲကွဲပြောလာသည်မသိ။ စိတ်ထဲမှာ Daniel က တစ်ချိန်ချိန်ကျရင် ထားခဲ့မှာ ဆိုက်ကိုတစ်ခုလို ဖြစ်နေပုံရသည်။ ချစ်သူဖြစ်ကြတာ မကြာသေးတဲ့အချိန်ကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ဒီကကောင်က ဒီအသေးလုံးလေးမှမဟုတ်ရင် မဖြစ်တာကို မသိတာလည်းမဟုတ်။ မျက်မှန်အောက်က မျက်လုံးဝိုင်းဝိုင်းလေးတွေဆီကနေ ကနဦးလျှံကျလာတဲ့ မျက်ရည်စလေးတွေကို မျက်မှန်ချွတ်ကာ ဖွဖွလေး ဖိသုတ်ပေးမိသည်။

" အင့် . Dany အင့် ... ကိုကို့မှာ ကလေးလေးပဲရှိတာ ... အပိုတွေ ပြောနေတယ်ထင်ရင် ထင်နိုင်ပေမယ့် တစ်သက်လုံးမှာ ကိုကို မက်မက်မောမောနဲ့ လောဘတက်မိတာလဲ Daniel ပဲ ရှိတာ ... အရင်ကတည်းကနေ အခုချိန်ထိ ဘာမှလိုချင်ခဲ့တာမဟုတ်ဘူး ... အကုန်လုံးကို ပစ်ချထားခဲ့ပြီး ကလေးလေးဘေးမှာ နေဆိုလည်းရတယ် ... ကလေးလေးကို စချစ်မိကတည်းက တစ်ကိုယ်ကောင်းဆန်ဆန်နဲ့ ပိုင်ပါပိုင်ချင်တဲ့ အတ္တကရှိတယ် . ဘယ်သူ့ကိုမှ မပေးနိုင်ဘူး "

Love Me Like The Way [Completed]Where stories live. Discover now