Part 4

22.6K 2.5K 58
                                    

[Zawgyi]

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရဲ့ Exit terminal ကနေ Luggage တစ်လုံးဆွဲပြီး ထွက်လာသည့် Daniel က အတော့်ကိုပြိုင်းနေပြီဖြစ်သည်။ မြန်မာနိုင်ငံကိုရောက်လာဖို့ Munich ကနေ Doha လေဆိပ်၊ Doha ကနေမှ ချင်းမိုင်ကိုလေယာဉ်တစ်ဆင့် ထပ်စီးရသေးသည်။

" အား ... ပူလိုက်တာ "

နဖူးထက်ကနေ စီးကျနေသည့် ချွေးတွေကို လက်ခုံနဲ့ ဖြစ်သလို ပွတ်သုတ်ပစ်လိုက်ရင်း Daniel ညည်းညူလိုက်သည်။ Munich က အဖိုးဖြစ်သူ စီစဉ်ပေးလိုက်သည့်အတိုင်း ချင်းမိုင်မှာ တစ်ညနားခဲ့ရပေမယ့် ချင်းမိုင်ကနေတစ်ဆင့် မြန်မာနိုင်ငံကို ထပ်ပြီးလေယာဉ်စီးရသေးတာမလို့ ပင်ပန်းပြီး Daniel မှာ ခေါင်းကိုမထောင်ချင်တော့။

Daniel မြန်မာကိုမလာခင် တွေးထားခဲ့ဖူးသလို ရောက်သည်နှင့် ဒယ်ဒီ့ဆီသွားပြီး ကပ်ချွဲကာ၊ ချက်ချင်းလျှောက်သွား လည်ပတ်တာမျိုးလုပ်ဖို့မပြောနှင့် လမ်းလျှောက်ရင်း သူ့ကိုယ်နဲ့ Luggage ကြီးကို သယ်ဖို့တောင် အနိုင်နိုင်ဖြစ်နေသည်။

ရန်ကုန်မြေပေါ်ကိုခြေချချချင်း ရာသီဥတုအခြေအနေကြောင့် နောက်ထပ် နေရမည့် နေ့ရက်တွေကိုတွေးရင်း သက်ပြင်းချလိုက်သည်။ လေဆိပ်ဆင်းမှာမလို့ ရှပ်အင်္ကျီအဖြူလက်တိုအပွနှင့် ဂျင်းဘောင်းဘီမိုးပြာရောင်အရှည်ကို ပေါ့ပေါ့ပါးပါးဝတ်လာလို့သာ တော်တော့သည်။ Munich နဲ့နှိုင်းယှဉ်လျှင် ယခုအချိန် မြန်မာနိုင်ငံ၏ရာသီဥတုက လေးငါးဆလောက် ပိုပူပြင်းတာကြောင့် နဂိုအသားဖြူသည့် Daniel က အပူဒဏ်ကြောင့် မျက်နှာတွေပါ ရဲတက်လာသည်။

ပိုပြီးစိတ်မကြည်ရခြင်းက သားတစ်ယောက်လုံး ပြန်လာတာကို ဒယ်ဒီက အရေးပေါ်အစည်းအဝေးရှိတယ်ဆိုသည့် အကြောင်းပြချက်ဖြင့် လာမကြိုပဲ guide ကို လာကြိုခိုင်းသည်။ လာကြိုသည့် guide ကိုလည်း အခုထိ ရှာမတွေ့သေးတာကြောင့် Daniel ရဲ့ မျက်ခုံးတန်းနှစ်ဖက်က အလိုလိုကျုံ့လာသည်။

" ကျစ် ! ဒယ်ဒီ့အကြောင်း ဖိုးဖိုးနဲ့ကို တိုင်ပြောဦးမယ် "

ထွက်ပေါက်နားက ထိုင်ခုံတန်းတွေဆီကိုရောက်တော့ လက်ထဲက luggage ကို ဘေးနားကပ်ထားလိုက်ရင်း ထိုင်ချလိုက်သည်။ အင်္ကျီရင်ဘတ်ကိုဆွဲကာ တစ်ချက်နှစ်ချက်လောက် ယပ်ခပ်သလိုလုပ်လိုက်ပြီး ပါးစပ်ထဲကနေ လေပူတွေကို မှုတ်ထုတ်ပစ်လိုက်သည်။

Love Me Like The Way [Completed]Where stories live. Discover now