Part 15

17.8K 2K 48
                                    

[Zawgyi]

အနီးအနားပတ်ဝန်းကျင်က သစ်ပင်တွေဆီကနေ မီးမွှေးလို့ရမည့် ထင်းခြောက်လေးတွေရှာကာ Daniel က စုသယ်လိုက်ပြီး အသေးလေးရှိနေသည့်တဲကို မြန်မြန်ပြန်လာသည်။ လက်ထဲကထင်းတွေကို တဲရှေ့မှာချထားခဲ့ပြီး တဲထဲကိုဝင်လိုက်တော့ ကွတ်ပျစ်ပေါ်မှာထိုင်နေသည့် အသေးလေးက သူပေးထားခဲ့သည့် အနွေးထည်အပါးလေးကို လဲဝတ်ပြီးနေပြီဖြစ်သည်။

ရေစိုနေသည့် အင်္ကျီလေးကတော့ ဘေးနားကကွတ်ပျစ်ပေါ်မှာ အပြန့်သားလေးတင်ပြီး အခြောက်ခံထားသည်။ ဘောင်းဘီကလည်းရေစိုနေပေမယ့် လဲဝတ်ဖို့အတွက် အပိုပါမလာတာကြောင့် စိတ်မကောင်းဖြစ်မိပေမယ့် အင်္ကျီပါလာလို့သာ တော်သေးသည်ပြောရမည်။

" အင်္ကျီကအဆင်ပြေရဲ့လား baby ... လည်ပင်းပိတ်တဲ့အထိ ဇစ်ကိုဆွဲထားနော် ... ခြေထောက်ရော ဘယ်လိုနေလဲ ... အဆင်ပြေရဲ့လား baby "

" ဟုတ်ကဲ့ပါ ...ခြေထောက်လည်းသက်သာပါတယ် ... ခုနကရုတ်တရက်ဆိုတော့ ... အခုကတော့ ဆေးလူးထားလို့ တရှိန်းရှိန်းနဲ့ နေလို့အဆင်ပြေလာတယ် ... နည်းနည်းတော့နာနေသေးပေမယ့်လေ ... ဒါနဲ့ Daniel လည်း ဘယ်လိုလုပ်မလဲ ... တစ်ကိုယ်လုံးစိုရွှဲနေတာကို "

" ကိုယ်ကဘာမှမဖြစ်ပါဘူး ... ခဏနေ မီးမွှေးမှာလေ ... အဲ့မှာမီးအပူလေးပြလိုက်ရင်တော့ အရမ်းမခြောက်ရင်တောင် အဆင်ပြေသွားမှာပါ "

" မီးမွှေးဖို့မီးခြစ်မှမပါတာကို "

Daniel က မီးမွှေးဖို့ပြောပြီး ထင်းခြောက်တွေ ရှာလာပေမယ့် မီးခြစ်ပါမလာတာကြောင့် စစ်မင်းမေးလိုက်ခြင်းဖြစ်သည်။ Daniel က ကွတ်ပျစ်ရဲ့ အောက်မှာရှိနေသည့် ကျောက်တုံးလေးတွေအများကြီးထဲကမှ လက်သီးဆုပ်အရွယ်အစားလောက်ရှိသည့် မညီမညာ ကျောက်တုံးဖြူဖြူလေးနှစ်တုံးကို ကောက်ယူလိုက်ပြီး စစ်မင်းကိုပြသည်။

" မီးခြစ်မလိုပါဘူး ... ဒီကျောက်တုံးလေးတွေကို ခတ်ပြီး မီးမွှေးလို့ရတယ် baby ရ ... ကိုယ်မွှေးပေးမှာမလို့ ခဏစောင့် "

ပြောပြောဆိုဆိုနှင့် Daniel က ကျောက်တုံးလေး နှစ်တုံးကိုင်ပြီး တဲအပြင်ကိုထွက်သွားသည်။ စစ်မင်းကသာ ကွတ်ပျစ်ပေါ်မှာ ခြေထောက်တင်ထိုင်နေရင်း Daniel ကို လှမ်းမမြင်ရတာမလို့ ဖင်လေးရွေ့ကာရွေ့ကာနဲ့ ကွတ်ပျစ်ပေါ်ကနေ ခြေချထိုင်လိုက်သည်။ ထိုမှသာ Daniel ကို သေသေချာချာလှမ်းမြင်ရသည်။

Love Me Like The Way [Completed]Where stories live. Discover now