Part 34

13.3K 1.2K 26
                                    

[Zawgyi]

" ဒီဆံပင်နဲ့အဆင်ပြေတာ သေချာလို့လား baby "

" Aigoo ! အဆင်ပြေတယ် ... အရမ်းပြေတာ . ချစ်ဖို့ကောင်းနေရောဗျာ "

တနင်္ဂနွေပိတ်ရက်ဖြစ်တာကြောင့် တိုင်ပင်ထားကြသည့်အတိုင်း Daniel ရဲ့ အိမ်ကိုမသွားခင် မြို့ထဲကဆံပင်ညှပ်ဆိုင်မှာ Daniel ရဲ့ဆံပင်ကို ဝင်ညှပ်လာကြသည်။ ဆံပင်ရှည်လေးနဲ့ ခဏတာနေသားကျနေခဲ့ပုံရတဲ့ Daniel က နောက်စေ့က ဆံပင်လေးတွေကိုပါးပြီ ရှေ့ဆံပင်ကို တိုကပ်ကပ်လေး ညှပ်ပေးခဲ့တာကြောင့် မနေတတ်ဖြစ်နေပုံရသည်။ ရှင်းလင်းနေတဲ့ လည်ဂုတ်လေးကိုဖိပွတ်ရင်း စစ်မင်းကိုလိုက်မလိုက် မေးနေသေးသည်။

" တကယ် အဆင်ပြေလို့လား ... တစ်မျိုးဖြစ်နေလား ဒီပုံစံနဲ့က "

" အာ ... ကိုကို့ကလေးလေးကလည်း အဆင်ပြေပါတယ်ဆိုနေမှ ... ပြီးတော့ အဆင်မပြေရင်တောင် ဘယ်သူမှမကြိုက်လဲနေ . ကိုကိုကြိုက်ရင်ရတယ်လေ ကလေးလေးရဲ့ . ကိုကိုသဘောကျတယ် "

" အာ . baby ရာ "

" နေကပူနေလို့ မျက်နှာလေးက ရဲနေတာလား . ရှက်လို့ ရဲနေတာလားရော် ... ကလေးလေးကို ဒီပုံစံလေး မမြင်ဖူးသေးဘူး "

အဝတ်အစားအပိုမပါတာကြောင့် စစ်မင်း မနေ့ကဆင်ပေးသလို လည်ကတုံးရှပ်လက်ရှည်လေးနဲ့ ပုဆိုးအနီကွက်လေးကို ပေးဝတ်ထားကာ ဖိနပ်အဖြူလေးနဲ့ Daniel က သူများတွေအတွက် ကိုးရို့ကားရားနိုင်တာမျိး ရှိနိုင်ပေမယ့် စစ်မင်းအမြင်မှာတော့ ဒီကလေးလေးက တကယ်ချစ်စရာကောင်းနေသည်။

မြတ်နိုးစရာအစုစုနဲ့ အချစ်ရဆုံး အသည်းအသက်လေး ~

" ကိုယ်က cool guy လေ . ရှက်စရာလားနော် "

" အဟွန်း ... ဒီလုံးလုံးလေးက cool guy လေးလား . ဟုတ်ပါပြီကွာ ... cool guy ဆိုတော့လည်း cool guy ပေါ့ . အူယားလိုက်တာကွာ ... ဒီဆံပင်လုံးလေးကို "

ခေါင်းကိုကိုင်ချင်ပေမယ့် သေချာမမှီလို့ လက်တစ်ပြင်ပြင်ဖြစ်နေတဲ့ အသေးလုံးလေးကြောင့် အလိုက်သိတဲ့ Daniel ကပဲ ခါးလေးအသာကိုင်းကာ ခေါင်းကိုငုံ့ချပေးလိုက်တော့ ခေါင်းကညှပ်ပြီးကာစ ဆံပင်တိုလေးတွေကို ချက်ချင်းလာဖွသည်။ Daniel ရဲ့ ဆံပင်တွေကို အသေးလုံးလေးက ဒီလိုလေး ဖွလိုက်၊ ပွတ်သပ်ပေးလိုက်လုပ်ရင် သိပ်သဘောကျသည်။ တခြားသူတွေလာကိုင်ရင် သဘောမကျပေမယ့် Daniel ရဲ့ အသည်းဦးအသေးလုံးကတော့ ခြွင်းချက် ...

Love Me Like The Way [Completed]Where stories live. Discover now