Extra-Marriage Life (6)

8.8K 963 38
                                    

[Zawgyi]

ဧည့်ခန်းကျယ်ထဲမှာ Daniel တစ်ယောက် ရှေ့လျှောက်လိုက် နောက်လျှောက်လိုက်နှင့် ဗျာများနေသည်။ အိမ်ကို ပင်ပင်ပန်းပန်းနဲ့ ပြန်လာသည့်တိုင် အလုပ်ကနေ ပြန်ရောက်မလာသေးသည့် အသေးလုံးလေးကြောင့် ပိုပင်ပန်းပြီး ရင်မောရသည်။

Daniel တို့ Leibelt group လက်အောက်က Travel & Tour မှာ အလုပ်ဝင်နေတာ တစ်လကျော်သွားပြီဖြစ်တဲ့ အသေးလုံးလေးကြောင့် အသေးလုံးလေး အိမ်ပြန်နောက်ကျတိုင်း Daniel မှာ စိတ်အေးအေးမနေရ။ ဧည့်ခန်းထဲမှာစောင့်နေရတာ အားမရတော့တာကြောင့် ခြံထဲဆင်းကာ ခြံတံခါးဝထိ လမ်းလျှောက်လိုက်၊ အိမ်မကြီးထိ လမ်းလျှောက်လိုက် လုပ်နေသည့်တိုင် အသေးလုံးလေးက အချိန်တော်တော်ကြာတဲ့အထိ ပြန်ရောက်မလာသေးပေ။

ညနက်လာသည့်တိုင် အရိပ်အယောင်ပင် မမြင်ရသေးတဲ့ အသေးလုံးလေးကြောင့် Daniel စိတ်မှာ စိုးရိမ်နေရာကနေ ဒေါသဖြစ်တဲ့အထိကို တဖြည်းဖြည်းပြောင်းလာသည်။ နာရီကိုကြည့်လိုက်တော့ ကိုးနာရီ ... ဖုန်းဆက်တော့လညမကိုင် ... အသေးလေးအလုပ်သွား၊ အလုပ်ပြန်ရင် အဆင်ပြေအောင် လွှတ်ထားပေးတဲ့ ဒရိုင်ဘာကပါ ဖုန်းမကိုင်တာကြောင့် Daniel စိတ်မရှည်တော့။ အေဂျင်စီကို ဖုန်းဆက်တော့လည်း city tour အတွက် ထွက်သွားပြီး အလုပ်တန်းဆင်းမယ်ဆိုတာကြောင့် အသေးလေးအကြောင်းကို ဘာမှမေးမရ။ Daniel စိတ်ရှုပ်ရှုပ်နဲ့ ဆံပင်တွေကို လက်ချောင်းတွေနဲ့ ထိုးဖွလိုက်ရင်း သက်ပြင်းချကာ အိမ်ပေါက်ဝမှာ ခါးထောက်ပြီးသာ ရပ်စောင့်နေလိုက်သည်။

ညကိုးနာရီခွဲပြီး မကြာခင်မှာ အော်တိုတံခါးဖြစ်တာကြောင့် ခြံတံခါးကပွင့်သွားပြီး ခြံထဲကိုကားတစ်စီးဝင်လာသည်။ ပြောရရင် အသေးလေးအလုပ်သွားရင် သုံးတဲ့ကား ...

တစ်စတစ်စထွက်လာတဲ့ ဒေါသတွေကို ထိန်းချုပ်ထားရင်း Daniel လက်သီးတွေကိုသာ တင်းတင်းဆုပ်ကာ မတ်တပ်ရပ်ရင်း ကြည့်နေလိုက်သည်။ အိမ်ပေါက်ဝမရောက်ခင်မှာ ကားကရပ်သွားပြီး နောက်ခန်းကနေ အသေးလုံးလေးက လွယ်အိတ်လေးပိုက်ရင်း ဆင်းလာသည်။ Daniel ကို လှမ်းကြည့်တဲ့ မျက်လုံးလေးက လန့်နေသလို၊ စိတ်မဆိုးဖို့ တောင်းပန်နေသလို မျက်နှာငယ်လေး လုပ်ပြနေသည်။ 

Love Me Like The Way [Completed]Where stories live. Discover now