Part 24

15.3K 1.5K 43
                                    

[Zawgyi]

မနက်မိုးလင်းနေသည့်တိုင် ပြတင်းတံခါးတို့ လုံအောင်ပိတ်ထားသည့် အိမ်ငယ်လေးထဲမှာ အလင်းရောင်ကောင်းကောင်းမဝင်ပေမယ့် ကျင့်သားရနေတဲ့ မျက်လုံးတွေကြောင့် Daniel က ဦးဆုံးနိုးလာခဲ့သည်။ အိပ်ရာကနေနိုးနိုးချင်း ပထမဦးဆုံး ရင်ခွင်ထဲမှာ တင်းတင်းကျပ်ကျပ် ပွေ့ပိုက်ထားမိတဲ့ ဝတ်လစ်စလစ်နဲ့ အသေးလုံးလေးကိုတွေ့ရသည်။ ပုံမှန်ဆို Daniel ထက် အသေးလုံးလေးက စောစီးစွာနိုးနေတတ်ပေမယ့် ဒီနေ့အတွက်ကတော့ ဟုတ်ဟန်မတူ။

လက်တစ်ဖက်က Daniel ရဲ့ ခါးကိုပြန်ဖက်ထားပြီး ရင်ခွင်ထဲမှာ နှစ်နှစ်ခြိုက်ခြိုက်ကို ပါးစပ်ကလေးဟလို့ အိပ်မောကျနေသည်။ အသည်းယားလာတာကြောင့် ခေါင်းလေးငုံ့ကာ ဟနေသည့် နှုတ်ခမ်းတစ်စုံလုံးကို ဆွဲငုံကာ ပိတ်နမ်းပေးလိုက်တော့ အသေးလုံးလေးဆီက အင့်ခနဲအသံထွက်လာပြီး တဖြည်းဖြည်းလှုပ်လာသည်။

" အင်း Dany ... ကိုကို့ကို ခဏလောက် အိပ်ခွင့်ပေးပါဦး "

" မနေ့ညကတော့ ကလေးလေးဆို ... ခုတော့ Dany ပြန်ဖြစ်သွားပြီလား "

" Daniel ... "

" အားဟား မကိုက်နဲ့လေ baby ... စတာ စတာ baby ကလည်း စိတ်ကြီးလိုက်တာ "

ညက ဆုံးရှုံးလိုက်ရမှာကြောက်လို့ စိတ်ထဲရှိတာကို ပြောချင်တာပြော၊ လုပ်ချင်ရာလုပ်ပြီးမှ စစ်မင်း က Daniel ကို မျက်နှာချင်းမဆိုင်ရဲတာမလို့ အိပ်ချင်စိတ်ရှိနေသေးတယ်ဆိုကာ ပေကပ်အိပ်နေတာဖြစ်သည်။ ရှက်နေပါတယ်ဆို သကောင့်သားလေးက လာစနေတာကြောင့် မျက်စိရှေ့က ရင်ဘတ်ဖွေးဖွေကို စစ်မင်းက သွားတွေနဲ့ ဖိကြိတ်ကိုက်လိုက်တော့ အော်သံလေးထွက်လာပြီး ပိုတိုးဖက်လာသည်။

" နာပြီမလား ... စိတ်ကြီးအောင် အရင်လာစတာ ဘယ်သူလဲ "

" ဟားဟား baby ရာ ... ကိုယ်က ချစ်လို့ပါ ... ဒီကို မော့ကြည့်ပါဦး ... ခေါင်းကြီး ငုံ့မထားနဲ့လေ "

" ဟင့်အင်း "

အသေးလုံးလေးက ရှက်နေတာသိပေမယ့် ရှက်နေတာလေးကို Daniel က မြင်ချင်တာကြောင့် ခေါင်းမော့ခိုင်းတော့လည်း မော့မလာပဲ ရင်ဘတ်ကို မျက်နှာလေးအပ်ပြီး ကြောင်ပေါက်လေးလို ပွတ်သပ်နေသည်။ ပါးစပ်ကပဲပြောနေရင် ခေါင်းမော့လာတော့မှာ မဟုတ်တာကြောင့် အသေးလုံးလေးကို ဖက်ထားရာကနေ လက်တစ်ဖက်နဲ့ မျက်နှာလေးကို ဆွဲမော့လိုက်သည်။

Love Me Like The Way [Completed]Where stories live. Discover now