Part 21

15.6K 1.6K 63
                                    

[Zawgyi]

" ဦးထုပ်ဆောင်းထားလေ Daniel ... နေတွေပူနေတာကို "

" ဟို . အဲ့တာက ဟိုလေ ... "

" ဘာဟိုလဲ Daniel "

ရုပ်တည်ကြီးနဲ့ မျက်ခုံးပင့်လို့မေးလာတဲ့ အသေးလုံးလေးကြောင့် ရုတ်တရက်ကြီး Daniel ခြေဖျားလက်ဖျားတွေ အေးစက်လာသလိုပဲရယ်။

" ကိုယ်ခုနကဆိုင်ထဲမှာ ကျန်ခဲ့တယ် ထင်တယ် baby "

မဝံ့မရဲနဲ့ ဖြစ်ကြောင်းကိုပြောလိုက်တော့ အသေး‌လုံးလေးက Daniel ကို စိုက်ကြည့်ဆဲ စိုက်ကြည့်မြဲ။

" အဲ့တော့ အခု ဆောင်းစရာမရှိတော့ဘူးပေါ့ "

" ..... "

ခေါင်းကိုသာ တဆတ်ဆတ်ညိတ်ပြတဲ့ Daniel က ပါးစပ်ကလည်း ပြန်မဖြေပဲ မျက်နှာငယ်လေးနဲ့သာ စစ်မင်းကိုကြည့်နေသည်။ ဘော်လုပ်ငန်းကနေ ပြန်ထွက်လာတော့ နေပူကြဲကြဲကြီးမှာ ဦးထုပ်မဆောင်းထားသည့် Daniel ကို နောက်ကနေ လှမ်းပြောတော့မှ အရှေ့ခုံကနေ မျက်နှာငယ်လေးနဲ့ လှည့်ကြည့်လာပြီး ဦးထုပ်ကျန်ခဲ့ကြောင်းပြောသည်။

ဆင်တူဦးထုပ်လေးကို နမော်နမဲ့နဲ့ ကျန်ခဲ့တာမလို့ စိတ်ဆိုးချင်ပေမယ့် ရှေ့ခုံကနေ နောက်ကိုလည်ပြန်လှည့်ရင်း သနားစဖွယ် လုပ်ပြနေတဲ့ မျက်နှာလေးကြောင့် စိတ်ဆိုးရအခက်၊ မဆိုးရအခက်ဖြစ်ရသေးသည်။ လုပ်နေတဲ့ရုပ်လေးက တကယ်ကို ဘာလေးမှန်းမသိ။

" စိတ်မဆိုးပါနဲ့နော် baby ... လှေမောင်းတဲ့သူကိုပြောပြီး ပြန်သွားယူမယ်လေနော် "

" မလိုပါဘူး ... မလိုချင်လို့ ဂရုမစိုက်တာမလား ... ပြန်ယူမနေနဲ့လေ "

ဦးထုပ်လေးက စစ်မင်းဝယ်ပေးထားတာမလို့ တန်ဖိုးမကြီးပေမယ့် နှမြောမိသည်။ သနားစဖွယ်ဖြစ်အောင် မျက်နှာငယ်လေး လုပ်ပြနေတဲ့ လူဆိုးကောင်လေးကို မှတ်လောက်သားလောက်အောင် စစ်မင်းက စိတ်ဆိုးချင်ယောင်ဆောင်လိုက်သည်။

" ကိုယ်တမင်ကျန်ခဲ့တာ မဟုတ်ပါဘူး baby ရယ် ... ကိုယ့် baby ကို လက်စွပ်လေး ဝယ်ပေးချင်ဇောနဲ့ အာရုံများသွားလို့ပါ "

ပြိုတော့မယ့်မိုးလို မျက်နှာလေးကိုငယ်ထားပြီး ရှေ့ထိုင်ခုံကနေ ကိုယ်ကိုတစောင်းလှည့်လာကာ နောက်က စစ်မင်းကို ပြောနေတဲ့ Daniel ကိုကြည့်ပြီး ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။

Love Me Like The Way [Completed]Where stories live. Discover now