Part 25

15.5K 1.4K 40
                                    

[Zawgyi]

" Dany ~ ညနေကျရင် winary သွားရအောင်လေ "

" ဟင် ~ မနက်ဖြန်မှသွားပါလား baby ရဲ့ ... အခုအဆင်ပြေလို့လား ... baby က နေမှမကောင်းတာကို "

အခုလက်ရှိ အခြေအနေကတော့ Daniel က ကုတင်ခေါင်းရင်းမှာ ခေါင်းအုံးလေးထားကာ မှီထိုင်နေပြီး အသေးလုံးလေးကတော့ Daniel ရဲ့ ခြေထောက်နှစ်ချောင်းကြား ဝင်ထိုင်ကာ ဖုန်းတစ်လုံးနှင့် အတူတူရုပ်ရှင်ကြည့်နေကြခြင်းဖြစ်သည်။

" အခုနေကောင်းသွားပြီလေ ... နော်လို့ ကလေးလေး ... ကိုကို ပျင်းနေပြီလေ ... တစ်နေကုန် အိပ်လိုက်စားလိုက်နဲ့ ... အခုလည်း ရုပ်ရှင်ထိုင်ကြည့်နေရတာ "

" ချွဲနေပြန်ပါပြီ baby ရာ ... ဒီကကောင်က baby ချွဲရင် မနေနိုင်တာကို ... ဘယ်လိုသွားချင်လဲ ... ခုကသုံးနာရီတောင် ထိုးတော့မယ် ... သွားကြမလား "

" အွင်း သွားမယ်လေ ... ဟိုတယ်မှာ စက်ဘီးငှားလို့ရတယ် ... စက်ဘီးနဲ့ သွားကြမယ် "

" ကိုယ်နင်းပေးမယ် baby က နောက်ကနေလိုက်ခဲ့ "

" သဘောတူတယ် Dany ဟီးဟီး ~ "

ရင်ခွင်ထဲက ဖက်ထားပြီးသား အသေးလုံးလေးကို Daniel က ပိုလို့တိုးဖက်လိုက်ပြီး ပါးလေးကိုရွှတ်ခနဲ ဖိနမ်းပစ်သည်။ ဘယ်နှစ်ကြိမ်နမ်းနမ်း ရုတ်တရက်ဆို အသေးလုံးလေးက ရှက်နေတုန်းဆိုတာ နောက်ကနေ ပခုံးပေါ် မေးတင်ထားရင်း မြင်နေရတဲ့ ပါးလုံးလုံးလေးက နီစွေးနေရင်း သက်သေထူသည်။

" လာ လာ ထရအောင် ... အဝတ်အစား မြန်မြန်လဲ Dany ~ သွားအောင် ... အဝတ်အစား လဲထားနှင့် ... ကိုယ် reception မှာ စက်ဘီးသွားငှားလိုက်ဦးမယ် "

" ပြီးမှ တူတူသွားမယ်လေ baby ရဲ့ "

" သွားပါ ... အဝတ်အစားလဲဖို့ ကိုကိုစောင့်နေရမယ့် အတူတူ reception ကို အရင်သွားလိုက်မယ် "

" ဟုတ်ပါပြီ ... ကိုယ်မကြာဘူး ... မြန်မြန်သွားပြီး ပြန်လာနော် baby "

Daniel က အဝတ်အစားတွေယူပြီး အဝတ်လဲခန်းလေးထဲ ဝင်သွားတာနဲ့ စစ်မင်းလည်း အခန်းထဲက မြန်မြန်ထွက်ကာ reception မှာ စက်ဘီးသွားငှားရသည်။ ကံကောင်းထောက်မစွာနဲ့ပဲ စက်ဘီးတစ်စီးရလာတာနဲ့ သော့ယူကာ အခန်းပြန်တော့ Daniel က အဝတ်အစားလဲပြီးလို့ ဝရံတာမှာ ငှက်ပျောရွက်ဆေးလိပ်လေးတစ်လိပ်ကို ထိုင်သောက်နေသည်။

Love Me Like The Way [Completed]Where stories live. Discover now