Part 23

15.9K 1.5K 114
                                    

[Zawgyi]

ညနေစောင်းတော့ လှေဆိပ်ကိုပြန်ရောက်သည်နှင့် တစ်နေကုန်လှေစီးပြီးပြီမလို့ ဟိုတယ်ကိုပဲ တန်းပြန်ခဲ့လိုက်ကြသည်။ ပြန်ရောက်ရောက်ချင်း နှစ်ယောက်သားမှာ ရေတောင်မချိုးနိုင်ပဲ အိပ်ရာပေါ်ခြေပစ်လက်ပစ် လှဲအိပ်မိကြသည်။

" ပင်ပန်းနေပြီလား baby "

" မပင်ပန်းပါဘူး Dany ရဲ့ ... တစ်နေကုန် နေပူထဲဆိုတော့ နည်းနည်းလေး နုံးနေရုံပါ ... ခဏနေ ရေချိုးလိုက်ရင် အဆင်ပြေသွားမှာ "

" ဗိုက်ဆာနေပြီလား ... ရေချိုးပြီးတာနဲ့ သွားစားကြမယ်လေ baby ... ကိုယ်အရင်ချိုးလိုက်မယ်နော် "

" အင်း ရေသောက်ပြီးမှချိုး "

စစ်မင်းရဲ့ စကားအဆုံးမှာတော့ နဖူးပေါ်နွေးခနဲ ဖြစ်သွားပြီး Daniel ဆီကရတဲ့ ခပ်ဖွဖွ အထိအတွေ့လေးတစ်ခုရသည်။ လူကပင်ပန်းနေပြီမလို့ Daniel ရဲ့ လှုပ်ရှားမှုတွေလောက်သာ စိတ်ကသိနိုင်တော့သည်။ မျက်လုံးတွေ မှေးစင်းလာကာ ဘယ်အချိန် အိပ်ပျော်သွားလဲ မသိတော့ပဲ အေးစက်စက် လက်ဖဝါးတစ်စုံက စစ်မင်းရဲ့ ပါးပြင်ကိုအုပ်ကိုင်ပြီး လှုပ်နှိုးနေတော့မှသာ အိပ်ရာက ပြန်နိုးလာတော့သည်။

"Baby baby ရေ ... ထတော့လေ baby ... ကိုယ်ရေချိုးပြီးသွားပြီ ... လန်းသွားအောင် ရေထချိုးလိုက်နော် "

"အင်း ... ရေမချိုးတော့ဘူးလေ ... ဗိုက်ဆာနေပြီ ညစာသွားစားကြမယ်လေနော် "

" မရပါဘူး baby ရာ ... လာပါ ထ . မဟုတ်ရင် ညောင်းနေလိမ့်မယ် ... ရေချိုးလိုက်နော် ... လာပါဆို "

" အား ... ထပြီ ထပြီ ... ဗိုက်ဆာနေပါပြီဆို Dany ရာ "

Daniel ကိုယ်တိုင် အိပ်ရာပေါ်ကနေ ဆွဲထူကာမှ အသေးလုံးလေးက အိပ်ရာကနေ ဆူပုပ်ပုပ်နဲ့ထလာပြီး ငုတ်တုပ်ထထိုင်သည်။ လက်ကိုဆွဲကာ မတ်တပ်ရပ်စေပြီးမှ နောက်ကနေ ရေချိုးခန်းထဲ တွန်းပို့ပေးတော့ အသေးလုံးလေးက လိမ်ဖယ်လိမ်ဖယ်နဲ့ ရေချိုးခန်းထဲ ရောက်သွားတော့သည်။ Daniel လည်း အဝတ်အစားလဲကာ ရေစိုနေတဲ့ခေါင်းကို ပြောင်အောင်သုတ်ပြီးမှ ကုတင်ခြေရင်းလေးမှာထိုင်ကာ အသေးလုံးလေးကို စောင့်နေလိုက်သည်။

Love Me Like The Way [Completed]Where stories live. Discover now