Extra-Marriage Life (7)

9.3K 970 26
                                    

[Zawgyi]

" ကလေးလေးရာ ကိုကိုတောင်းပန်တယ်လေလို့ . စိတ်မဆိုးနဲ့တော့ကွာ ... နော် ~ "

" ..... "

" ခေါက်ဆွဲပြုတ်စားမယ်မလား ... ကိုကိုပြုတ်ပေးမယ်နော် . ရေချိုးမလို့လား ... နောက်ကျနေပြီ မချိုးနဲ့တော့လေနော် . ရာသီဥတုက အေးနေတာကို . ခြေလက်ဆေးပြီးဆင်းခဲ့လေ ... ကိုကို ခေါက်ဆွဲပြုတ် ပူပူလေး ပြုတ်ပေးမယ် . လာပါဦး . အင်္ကျီကြယ်သီးတွေက ကိုကိုဖြုတ်ပေးမယ် "

အခန်းထဲမှာ Daniel သွားသည့် နေရာမှန်သမျှကိုလိုက်ကာ စစ်မင်း တတွတ်တွတ်နဲ့တောင်းပန်ပေမယ့် Daniel က စကားတစ်ခွန်းမှ ပြန်မပြောပဲ လျစ်လျူရှုထားသည်။ ရုပ်တည်ကြီးနဲ့သာ စစ်မင်းကိုစိုက်ကြည့်ပြီး အဝတ်အစားတွေချွတ်ကာ ရေချိုးခန်းဝင်ဖို့လုပ်နေသည်။ နောက်ကနေ လိုက်မနေတော့ပဲ စစ်မင်းက Daniel ရဲ့ ရှေ့ကိုသွားကာ အင်္ကျီချွတ်ဖို့ ကြယ်သီးလေးတွေ တစ်လုံးချင်းဖြုတ်ပေးတော့လည်း ငြိမ်နေသည်။ တကယ်ကို စိတ်မကောက်တတ်ပဲတင်းခံကာ စစ်မင်းကိုစိတ်ကောက်နေတဲ့ စစ်မင်းရဲ့ ကလေးလေးက တကယ်အဆိုးလေးဖြစ်သည်။ ရှပ်အင်္ကျီအဖြူလေးကို ချွတ်ပြီးသည်နှင့် စစ်မင်းထုတ်ထားပေးတဲ့ အဝတ်အစားတွေကိုယူကာ Daniel က ရေချိုးခန်းထဲဝင်သွားတာ လှည့်တောင်မကြည့်တော့။

" ကလေးလေးရေ ရေချိုးခန်းထဲကထွက်လာရင် ကိုကို့ကို စိတ်မကောက်ပါနဲ့တော့ကွာနော် ... ရေချိုးပြီး ဒေါသတွေ ရေချိုးချပစ်နော် ဟီးဟီး ~ "

ရေချိုးခန်းထဲက Daniel ကတော့ ရေချိုးခန်းပြင်ကနေ အူမြူးနေတဲ့ လေသံလေးနှင့် စနောက်နေတဲ့ အသေးလုံးလေးရဲ့အသံကြောင့် နှုတ်ခမ်းလေး ကော့တက်နေသည်အထိပြုံးသည်။ စိတ်ကောက်ဖူးတယ်ရှိအောင် တင်းခံထားရတာကို လွယ်တယ်များထင်နေလားမသိ။ ပုံစံအမျိုးမျိုးနဲ့ Daniel ကို အရည်မပျော်ပျော်အောင် အသေးလုံးလေးက လုပ်နိုင်လွန်းသည်။

အခုလည်း အပြင်ကအသံတိတ်သွားပြီမလို့ အသေးလုံးလေး အောက်ဆင်းသွားပြီထင်သည်။ Daniel လည်း ရေမြန်မြန်ချိုးပြီးသည်နှင့် အသေးလုံးလေး ထုတ်ထားပေးထားသည့် ပေါ့ပေါ့ပါးပါး အင်္ကျီလက်ရှည်နဲ့ ဘောင်းဘီရှည်ခဲရောင်လေးကိုဝတ်ပြီး ရေချိုးခန်းထဲက ထွက်လာလိုက်သည်။ ခေါင်းကတော့ ရေစိုနေပေမယ့် မသုတ်သေးပဲ တဘက်ကိုသာ ခေါင်းပေါ်တင်ထားလိုက်သည်။

Love Me Like The Way [Completed]Where stories live. Discover now