Part 14

15.9K 2K 35
                                    

[Zawgyi]

ချောင်းဘေးနားက ကမ်းစပ်လေးကို ရောက်သည့်တိုင်အောင် စစ်မင်းက မျက်လုံးတွေကို တင်းနေအောင်မှိတ်ထားပြီး မျက်ရည်တွေက စီးကျနေတုန်းဖြစ်သည်။ ရုတ်တရက်ဖြစ်သွားတာကြောင့် ထိခိုက်သွားသည့် ခြေထောက်ဒဏ်ရာက တော်တော်နာနေသည်။

Daniel က သူ့အသေးလေးရဲ့ မျက်ရည်တွေကိုမြင်ရတော့ ဘေးကနေ လိပ်ပြာလွင့်နေသူလို ငုတ်တုပ်ထိုင်ကြည့်နေမိသည်။

" ဒီဘက်ကမ်းရောက်ပြီဆိုတော့ တံတားအောက်ရောက်ဖို့ ခဏလမ်းလျှောက်ရမယ် ... တံတားအောက်နားလေးမှာ တစ်ခါတစ်လေ ထင်းခွေ၊ ငါးဖမ်းတဲ့လူတွေနားဖို့ ဆောက်ထားတဲ့ တဲလေးတော့ရှိတယ် ... အဲ့ကိုရောက်အောင် ကျုပ်တို့အရင်သွားကြတာပေါ့ ... ဒီကခြေထောက်ထိသွားတဲ့ ဆရာလေးကို ကျုပ်ထမ်းပေးမယ် "

" နေ နေပါဦး ... ကိုယ် . ကိုယ်ကျောပိုးခဲ့ပေးမယ် ... အစ်ကိုတို့ ရှေ့ကနေလမ်းပြပေးပါ ... မြန်မြန်ပြပေးပါဗျာ "

တုန်တုန်ရင်ရင်နဲ့ ပြောနေသည့် Daniel ရဲ့ ပုံစံက ဘယ်လိုတြွေဖစ်နေလဲတောင် ကိုယ့်ကိုယ်ကိုဂရုမစိုက်နိုင်တော့။ ပြောရင်းဆိုရင်း အသေးလေးရဲ့ ရှေ့မှာငုတ်တုပ်ထိုင်ချလိုက်တော့ လမ်းပြနှစ်ယောက်က အသေးလေးကို ထိန်းမပေးကာ Daniel ရဲ့ ကျောပေါ်ကို တင်ပေးသည်။

Daniel က အသေးလေးရဲ့ လက်နှစ်ဖက်ကို ဆွဲယူပြီး လည်ပင်းမှာ သေချာသိုင်းဖက်ခိုင်းလိုက်ပြီးမှ ဖြေးဖြေးချင်း မတ်တပ်ရပ်သည်။ ပြီးကာမှ ခြေထောက်နှစ်ဖက်ကို  ခါးမှာသေချာချိတ်ထားစေလိုက်သည်။

" Baby baby ~ အရမ်းနာနေလား ... ခဏပဲနော် ခဏနေ ကိုယ်ဆေးလိမ်းပေးမယ်နော် ... ကိုယ့်အိတ်ထဲမှာ ဆေးပါတယ် "

" အင်း ... အင့် ~ "

အသေးလေးက Daniel ရဲ့ လည်ပင်းနဲ့ပုခုံးကြားကို မျက်နှာအပ်ကာ ခပ်တိုးတိုးလေး အဖြေပြန်ပေးလာသည်။ မျက်ရည်တွေကျရင်းကနေ ပြန်ဖြေလာတာမလို့ ရှိုက်သံပါပြီး အသံလေးက တုန်ရင်နေသည်။ Daniel က သူ့ရဲ့အသေးလေးကို ကျောပိုးထားရပြီး နှစ်ယောက်လုံးမှာ ရေတွေစိုရွှဲနေတာကြောင့် ပုံမှန်ထက်လမ်းလျှောက်ရတာ လေးပင်နေပေမယ့် အားတင်းထားတာ လိုရာကိုရောက်ဖို့ စိတ်စောနေတော့သည်။

Love Me Like The Way [Completed]Where stories live. Discover now