Extra-Marriage Life (1)

16.9K 1.1K 30
                                    

[Zawgyi]

Daniel နဲ့ စစ်မင်းတို့ လက်ထပ်ပြီးကြပေမယ့် အရာအားလုံးကတော့ နေသားတကျပါပဲ။ ပြောင်းလဲသွားတာဆိုလို့ နှစ်ယောက်သားဟာ ချစ်သူဘဝကနေ နှစ်ကိုယ်တူအိမ်ထောင်ဖက် အရာမြောက်သွားခြင်းပဲဖြစ်သည်။ လက်ထပ်ပြီးသည်နှင့် Daniel က သူ့ရဲ့အသေးလုံးလေးကို Germany က Rügen beach ကို ပျားရည်စမ်းခရီးအဖြစ် ခေါ်သွားသည်။

ဘဝရဲ့ နေ့ရက်တွေတိုင်းကို တစ်ယောက်ကိုတစ်ယောက် မြတ်မြတ်နိုးနိုးချစ်တဲ့ အချစ်တွေနဲ့ပဲ ဖြတ်သန်းမယ် ... မျှဝေခြင်းတွေမှာလည်း အတူမျှဝေမယ် . ပြီးဆုံးမယ် ... ဘဝက တိုတိုလေးပါပဲ ... လူတိုင်းက ကိုယ်ချစ်တဲ့သူနဲ့ တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင်နေရဖို့ ထိုက်တန်ပါတယ် ...

အဲ့သလိုပါပဲ ... Daniel နဲ့ စစ်မင်းတို့ကလည်း တစ်ယောက်စီရဲ့ ချစ်ခြင်းတွေနဲ့တင် ပျော်ရွှင်ဖို့ထိုက်တန်ပါတယ် ...

" ကိုယ့်ဖိုးဖိုးနဲ့ပဲ အတူနေလို့ တကယ်အဆင်ပြေပါတယ်နော် baby ~ "

" အဆင်ပြေပါတယ်ဆို ကလေးလေးရာ ... ဖိုးဖိုးက အသက်ကြီးပြီလေ ... ကိုကို့ကလေးလေးက Munich က လုပ်ငန်းတွေဦးစီးတော့မယ်ဆိုတော့ ဖိုးဖိုးက အနားယူတော့မှာလေ ဟုတ်တယ်မလား ... ဖိုးဖိုးကို တစ်ယောက်ထဲနေခိုင်းလို့ ဘယ်ဖြစ်မှာလဲ "

" အွန်း အဲ့တာတော့ သိတယ်လေ ... ကိုယ်က baby အဆင်မပြေမှာစိုးနေတာကို "

" အဆင်ပြေလို့ ကိုကိုက အားလုံးကိုလွှတ်ချပြီး ကလေးလေးဆီလိုက်လာတာလေ ... ကလေးလေးရှိရင် ကိုကိုက အဆင်ပြေပြီးသား ... စိုးရိမ်တတ်ပါရော ... honeymoon မှာကတည်းက ဆက်တိုက်မေးနေတာ မပင်ပန်းဘူးလား "

စစ်မင်းနဲ့ Daniel က လက်ထပ်ပြီးလို့ Rügen ကို honeymoon ထွက်ပြီး Munich ကို ကားမောင်းပြန်လာကြသည်။ ရှေ့ကိုတည့်တည့်ကြည့်ရင်း ကားမောင်းနေတဲ့ Daniel က ဘေးက စစ်မင်းကိုလဲ အမေးစကားတွေက မပြတ်လပ်စေရ။ ကားမောင်းနေရင်း Daniel က အဖိုးဖြစ်သူနဲ့ တစ်အိမ်ထဲအတူလိုက်နေဖို့ကို စိုးရိပ်မကင်းစွာ စစ်မင်းကို တတွတ်တွတ်မေးနေတာကြောင့် Daniel လေး စိတ်မပူအောင် စစ်မင်းက သေချာပြောပြနေရသည်။ Daniel ရဲ့ မျက်နှာတစ်ရွာမှတ်ကာ မြန်မာကနေ Munich အထိ လိုက်နေရတဲ့ စစ်မင်းကို Daniel စိုးရိမ်နေမယ်ဆိုတာ နားလည်ပေမယ့် လက်မထပ်ခင်ကတည်းက Daniel လေးရဲ့ အဖိုးဖြစ်သူကလည်း စစ်မင်းကို ကောင်းစွာလက်ခံပေးတာကြောင့် အဆင်မပြေမှာကို စိုးရိပ်စိတ်ရယ်လို့ မဖြစ်မိပါ။

Love Me Like The Way [Completed]Where stories live. Discover now