Extra-Marriage Life (8)

8.9K 930 85
                                    

[Zawgyi]

ဟိုတယ်တစ်ခုမှာလုပ်သည့် Dinner တစ်ခုကို သွားစရာရှိတာကြောင့် Daniel အိမ်စောစောပြန်လာကာ အဝတ်အစားလဲပြီး ရေချိုးပြင်ဆင်နေရသည်။ အလုပ်ဆင်းချိန်မတိုင်သေးပဲ စောပြီးအိမ်ပြန်ရောက်လာတာကြောင့် Daniel ရဲ့ အသေးလုံးလေးကတော့ အလုပ်ကနေ အိမ်ပြန်ရောက်မလာသေးပေ။ Daniel လည်း ရေချိုးပြီးသည်နှင့် အဝတ်အစားလဲရင်း ပြင်ဆင်နေတုန်း အသေးလုံးလေးက အလုပ်သွားရင်လွယ်တဲ့ အိတ်ကလေးကိုကိုင်ရင်း အခန်းထဲဝင်လာသည်။

" အလုပ်ကနေ အစောကြီးပြန်လာတာလား ကလေးလေး ... ကိုကိုက အောက်မှကားတွေ့လို့ စောလိုက်တာဆိုပြီး အံ့သြနေတာ . ရေတောင်ချိုးပြီးပြီလား . ဘာလဲ dinner ရှိတာလား ကလေးလေး "

" ဟုတ်တယ် baby . ပထမက မတက်ပဲနေမလို့ပါ ... ဖိတ်တဲ့သူက လူကြီးဆိုတော့ မသွားရင် မလေးစားရာကျလို့လေ baby ရဲ့ "

" အင်းပါ . ဟုတ်ပါပြီ ... လာ necktie လေးက ကိုကိုချည်ပေးမယ် "

Necktie ချည်နေရင်း အသေးလုံးလေးကို စကားပြောနေတုန်း necktie ချည်ပေးမယ်ဆိုတာကြောင့် Daniel လဲ ချည်လက်စကို လက်လွှတ်ကာ အသေးလုံးလေးဘက် လှည့်ပေးလိုက်သည်။ အသေးလုံးလေးက ကိုင်ထားတဲ့ လွယ်အိတ်လေးကို ကုတင်ခြေရင်းမှာ ချထားလိုက်ရင်း Daniel ရဲ့ necktie လေးကို ဆွဲကာ ချည်ပေးသည်။

" ပြီးသွားပြီ ... မွ "

အသေးလုံးလေးက Daniel ရဲ့ necktie ကို ချည်ပေးပြီးသည်နှင့် necktie စကိုဆွဲကာ ခေါင်းငုံ့လာတဲ့ Daniel ရဲ့ နှုတ်ခမ်းကို အနမ်းဖွဖွပေးသည်။ ဒီလိုအပြုအမူက Daniel ကို အသေးလုံးလေး necktie စည်းပေးတိုင်း ပြုလုပ်တတ်တဲ့ အပြုအမူဖြစ်တာမလို့ မဆန်းတော့ပေမယ့် အနမ်းခံရတိုင်း ရင်ခုန်ရတဲ့ ရင်ခုန်သံကတော့ အမြဲအသစ်အဆန်းဖြစ်သည်။ အသည်းယားစွာနဲ့ပဲ အသေးလုံးလေးရဲ့ မျက်နှာကိုပင့်ကိုင်လိုက်တော့ အသေးလုံးလေးရဲ့ မျက်နှာသေးသေးလေးက Daniel ရဲ့ လက်ဖဝါးကြီးကြီးတွေကြားမှာ မြုပ်နေသည်။

" ကိုယ့်ကို အမြဲတမ်း ရူးအောင်လုပ်နေလိုက်ပါတော့ baby ရဲ့ "

" အင်း ရူးသွားလည်း ကောင်းတာပေါ့ ... ဒီအရူးလေးကို ချစ်မယ့်သူက ကိုကိုပဲရှိတော့တာပေါ့ . ကိုကို့ကိုချစ်ပြီး ကြိုက်သလောက်သာရူးစမ်းပါ ကလေးလေးရဲ့ ... ကိုကိုက အရူးလေးကို လိုက်ထိန်းချင်လွန်းလို့ "

Love Me Like The Way [Completed]Where stories live. Discover now