Part 30

14.6K 1.3K 46
                                    

[Zawgyi]

မနက်မိုးလင်းကတည်းက Daniel နဲ့ စစ်မင်းတို့ အပြင်သွားဖို့အတွက် တစ်အိမ်ထဲမှာ နှစ်ယောက်ထဲနဲ့တင် ရှုတ်ရှပ်ခပ်နေကြသည်။ Daniel က စစ်မင်းရဲ့အိမ်ကိုရောက်လာပြီး ညအိပ်လာပေမယ့် အိမ်ကနေ အဝတ်အစားအပို ပါမလာတာကြောင့် အပြင်သွားရင်ဝတ်ဖို့က အခက်တွေ့နေသည်။ နောက်တော့ ကြံရာမရတဲ့အဆုံး စစ်မင်း အသိတစ်ယောက်ဆီကနေ လက်ဆောင်ရတုန်းက ကြီးနေလို့မဝတ်ဖြစ်တဲ့ ရှပ်အစိမ်းနုလေးနဲ့ ယောပုဆိုးလေးအစိမ်းရင့်လေးကို တွဲဝတ်ပေးရန် ပြင်ရတော့သည်။

" Dany လာခဲ့ ဒီကို ... ပုဆိုးဝတ်ရအောင် ... အင်္ကျီလေး အရင်ဝတ်လိုက် ... ကိုကိုနဲ့ တအားကြီးနေတာမလို့ အင်္ကျီလေးကတော့တော်မှာပါ "

" အွန်း ... ဝတ်လို့ အဆင်ပြေတယ် baby ... ပုဆိုးပေးဦး အရင်လျှိုလိုက်ဦးမယ် "

" အော်ဟော ... အပျင်းလေး ~ ကြယ်သီးက မတပ်ရသေးဘူး "

Daniel က ရှပ်အင်္ကျီအောက်ကနေ စွပ်ကျယ်လေးတစ်ထပ် ခံဝတ်ထားသေးတာမလို့ ကြယ်သီးမတပ်ရသေးတဲ့ အင်္ကျီလေးက ရင်ဘတ်ဟပြဲလေး ဖြစ်နေသည်။ စစ်မင်းက Daniel ရဲ့ ရှေ့မှာရပ်ပြီး ကြယ်သီးလေးတွေကို တစ်လုံးချင်း လှမ်းတပ်ပေးတော့ ခါးလေးကိုင်းထားကာ အသာငြိမ်ခံနေသည်။ ပုဆိုးလေးကလည်း လျှိုထားပြီးသားမလို့ စစ်မင်းက ပုဆိုးဝတ်မပေးသေးခင် Daniel ရဲ့ လက်ကလေးနှစ်ဖက်က ပုဆိုးကို မ ထားလျက်သားလေးရှိနေသည်။

" အင်း ရသွားပြီ ... ပေး ပုဆိုးအစကို ... လက်ကလွှတ်တော့ "

" အဟင်း "

" ဘာရယ်တာတုန်း ကလေးလေး ... ကိုကို့မျက်နှာက ဘာပေနေလို့လဲ "

စစ်မင်းက ရှပ်အင်္ကျီခါးအနားစကို ပုဆိုးထဲသေချာထည့်ကာ ကျကျနန ပုဆိုးဝတ်ပေးနေတုန်း ရယ်သံကြားလို့ မော့ကြည့်လိုက်သည်။ Daniel က ပါးချိုင့်လေး ပေါ်သည်အထိ ပြုံးရယ်နေကာ စစ်မင်းကို ငုံ့ကြည့်နေတာကြောင့် နှာခေါင်းချွန်ချွန်လေးကို လက်နဲ့အသာညှစ်ကာ မေးလိုက်သည်။

" အဟားဟား ... မဟုတ်ပါဘူး baby ရာ ... baby မှတ်မိလား ... ကိုယ်မြန်မာကိုရောက်ပြီး နောက်မကြာဘူး baby က ရွှေတိဂုံကို လိုက်ပို့တုန်းကလေ . ဘုရားသွားဖို့ baby က လာခေါ်တော့ ကိုယ်ပုဆိုးမဝတ်တတ်လို့ baby ဝတ်ပေးရတာလေ "

Love Me Like The Way [Completed]Tahanan ng mga kuwento. Tumuklas ngayon