Part 9

17.3K 2.1K 38
                                    

[Zawgyi]

ဓာတ်တော်ချိုင့်ရေတံခွန်မှာ လေးဆယ့်ငါးမိနစ်လောက် ခဏနားပြီးသည်နှင့် တောင်ပေါ်ပြန်တက်ဖို့ပြင်ရသည်။ ဒီတစ်ခါမှာတော့ တောလမ်းကနေ ပြန်မတက်ကြတော့ပဲ တောင်ပေါ်တက်ဖို့ ဖောက်ထားသည့် လမ်းမအကွေ့ကြီးကနေသာ တက်ရတော့သည်။ လမ်းမကြီးက‌နေ တက်တာဖြစ်ပေမယ့်လည်း တောင်အတက်ဖြစ်တာကြောင့် တက်ရသည့်လမ်းကမတ်ပြီး ဖြေးဖြေးချင်းသာ လမ်းလျှောက်တက်နိုင်သည်။

" Baby ရရဲ့လား ... ခုကအတက်ဆိုတော့ ဒူးမတုန်ပေမယ့် အရမ်းညောင်းတယ်မလား "

" အင်း Daniel ... ရပါတယ် ဖြည်းဖြည်းချင်း တက်ကြတာပေါ့ "

" ရှေ့ကနေတက် baby ... ကိုယ်အနောက်ကနေ ကျောကိုတွန်းပေးမယ် "

" အင်း ... ကျေးဇူး Daniel "

တောင်အောက်ကနေ တောင်ပေါ်တက်တော့ ငါးဆင့်မြောင်မှာတင် ခြေကုန်လက်ပမ်းကျလာတာမလို့ Daniel က နောက်ကနေတွန်းတင်ပေးတာကို မငြင်းနိုင်တော့ပဲ လက်ခံလိုက်ရသည်။ အပေါ်ကိုရောက်ဖို့ အကွေ့နှစ်ဆယ်နီးပါးလောက် ကျန်နေသေးသည်။ အဆင်းလမ်းကလည်း ပင်ပန်းသလို အတက်လမ်းကလည်း ပင်ပန်းသည်။ Daniel လည်း ပင်ပန်းနေပေမယ့် စစ်မင်းလောက်တော့မဆိုး။ အနောက်ကနေ စစ်မင်းရဲ့လက်ပြင်ကိုတစ်ဖက် ကျောနားလောက်ကနေ လက်တစ်ဖက်နှင့် ထိန်းကိုင်ထားကာ အပေါ်ကိုတွန်းပြီးတင်ပေးသည်။

" Baby ~ ဟိုလမ်းထောင့်မှာ အိမ်သေးသေးလေး ... ထိုင်နားဖို့ထင်တယ် "

" ဟုတ်တယ် ထိုင်နားဖို့ ... ဇရပ်လို့ခေါ်တယ် Daniel ရ "

တဖြည်းဖြည်းနှင့် အပေါ်တက်လာကြရင်း ဘယ်နှစ်ကွေ့လာက်ရောက်လာမှန်း သတိမထားမိပေမယ့် အပေါ်ကိုရောက်ဖို့ လိုဦးမယ်ဆိုတာတော့ စစ်မင်းသိသည်။ အဆင်းလမ်းထက်စာရင် အတက်လမ်းက သေချာဖောက်ထားပေးတာမလို့ လမ်းကျယ်ပေမယ့်လည်း ဘေးကချောက်နက်ကြီးက ရှိသေးသည်။

" ဝင်နားလို့ရလား baby ... ရရင် ခဏလောက်ဝင်ထိုင်ရအောင် ... ကိုယ်လည်းညောင်းလို့"

" ဟုတ် နားဖို့လုပ်ပေးထားတာ ... နားပြီးမှ ဖြေးဖြေးချင်းတက်ကြတာပေါ့ "

Love Me Like The Way [Completed]Where stories live. Discover now