Part 19

16.2K 1.7K 72
                                    

[Zawgyi]

Daniel နဲ့ စစ်မင်း ကားဂိတ်ကိုသွားဖို့ အဆင်သင့်ဖြစ်သည်နှင့် ဟိုတယ်မှာ check out လုပ်သည်။ ပါလာသည့်ကားက ကိုအောင်ကျော်ယူပြီး ရန်ကုန်ပြန်သွားပြီမလို့ ဟိုတယ်က ကားဂိတ်အထိ ဟိုတယ်ကကားနှင့် လိုက်ပို့ပေးသည်။ ကားဂိတ်ကိုရောက်တော့ ကားထွက်ဖို့ ဆယ့်ငါးမိနစ်လောက်သာ လိုတော့တာမလို့ ပါလာတဲ့အိတ်တွေကို ကားပေါ်သေချာတင်ပြီး ကားပေါ်ချက်ချင်းတန်းတက်ရသည်။

VIP ကား ဖြစ်တာကြောင့် ကားပေါ်မှာ လူအရမ်းမများပဲ ထိုင်ခုံနေရာတွေက ကျယ်ကျယ်လွင့်လွင့်ရှိလှသည်။ အရှေ့လည်းမရောက် အနောက်လည်းမရောက်သည့် အလယ်တန်းမှာ ခုံနေရာယူထားတာကြောင့် နှစ်ယောက်သားက ကားရဲ့အလယ်လောက်မှာ ထိုင်ရသည်။ ကားထွက်တော့မယ့် အချိန်ဖြစ်တာကြောင့် Daniel နဲ့ စစ်မင်းကားပေါ်ရောက်ပြီး မကြာခင် ကျန်တဲ့လူတချို့ကလဲ ကားပေါ်လိုက်တက်လာသည်။ စစ်မင်းကို အတွင်းခုံမှာ ထိုင်စေပြီး Daniel ကတော့ လျှောက်လမ်းဘေးက ခုံလေးမှာထိုင်သည်။

" ကားက အဆင်ပြေလိုက်တာ baby "

" အင်း VIP မလို့လေ Dany ... ခဏနေကျရင် သူတို့ မုန့်နဲ့ အချိုရည်တွေလည်း လာပေးမှာ ... ပျင်းရင်  TV ကြည့်လို့ရတယ် "

ထိုင်ခုံတိုင်းရဲ့ မျက်နှာချင်းဆိုင်တိုင်းမှာ tablet တစ်လုံးစီပါတာကြောင့် စစ်မင်းက Daniel ကို မေးငေါ့ပြီး ပြလိုက်သည်။ အချိန်ခဏလောက်နေတော့ ကားက ကားကြီးဝင်းကနေ စထွက်တော့သည်။

စစ်မင်းက Daniel ရဲ့ ပခုံးပေါ်မှီပြီး လိုက်လာကာ Daniel ကလည်း သူ့အသေးလုံးလေးရဲ့ ခေါင်းလေးပေါ်ကနေ ခေါင်းကိုမှေးတင်ထားသည်။ လက်တွေကလည်း တစ်ယောက်နဲ့တစ်ယောက် ဆုပ်ကိုင်ထားကြသေးသည်။

" ရုပ်ရှင်ကြည့်မလား baby "

" အွန်း ... တူတူကြည့်ရအောင် ဖွင့်ပေး "

ပျင်းတွဲတွဲအသံလေးလေးနဲ့ ချွဲနေတဲ့ အသေးလုံးလေးခေါင်းလေးကို Daniel က ရွှတ်ခနဲနေအောင် နမ်းလိုက်သည်။ ပြီးကာမှ ရှေ့က tablet ကို လှမ်းဖွင့်ပြီးကြည့်ဖို့ ရုပ်ရှင်ရွေးသည်။ နောက်ဆုံးတော့ Daniel ရွေးချယ်လိုက်သည့် ရုပ်ရှင်က Kingsman ဆိုသည့် ရုပ်ရှင်ဖြစ်သည်။

Love Me Like The Way [Completed]Where stories live. Discover now