Part 7

19.8K 2.3K 52
                                    

[Zawgyi]

" မင်္ဂလာပါရှင့် ရွှေနန်းထိုက် Hotel က ကြိုဆိုပါတယ်နော် ... ဧည့်သည်အခန်းကြိုမှာထားလား မသိဘူးရှင့် "

" ဟုတ်ကဲ့ စစ်မင်းသန့်နာမည်နဲ့ ရန်ကုန်ကနေပြီးတော့ အခန်းသုံးခန်း booking လုပ်ထားပါတယ် ... မျက်နှာချင်းဆိုင်အခန်း၊ ဒါမှမဟုတ် ကပ်ရပ်သုံးခန်းပါ "

" ဟုတ်ကဲ့ ခဏနော် ... ညီမ တစ်ချက်ကြည့်ပေးပါ့မယ် "

စစ်မင်းက ပြန်မ‌ဖြေတော့ပဲ တစ်ချက်သာ ခေါင်းညိတ်ပြလိုက်သည်။ စစ်မင်းတို့ Daniel စီစဉ်သည့် ခရီးစဉ်အတိုင်း ပြင်ဦးလွင်ကို ရောက်နေကြပြီဖြစ်သည်။ Daniel ပြောသလို weekend ပြီးပြီးချင်းရက်မဟုတ်ပေမယ့် ရန်ကုန်ကနေ ပြင်ဦးလွင်ကို ဟိုတယ်စီစဉ်ရသည့်အချိန်နဲ့ Daniel ကလည်း အဆင်သင့်မဖြစ်သေးတာကြောင့် နှစ်ရက်လောက်ထပ်ကြာသွားသေးသည်။

တည်းခိုဖို့ကို ရွှေနန်းထိုက်မှာ စီစဉ်ထားတာကြောင့် ဟိုတယ်ကိုရောက်ရောက်ချင်း reception မှာ ရှိနေသည့် receptionist က ခရီးဦးကြိုပြုသည်။ ရန်ကုန်မှာကတည်းက ပြင်ဦးလွင်ကဟိုတယ်ကို ကြိုပြီး booking လုပ်ထားပြီးသားမလို့ အခန်းမရမည့်အရေးကို စိုးရိမ်စရာမလိုပေ။

" ဟုတ်ကဲ့ 3rd floor မှာ အခန်းနှစ်ခန်းကပ်ရပ်နဲ့ မျက်နှာချင်းဆိုင်တစ်ခန်း ... အခန်းသုံးခန်း စီစဉ်ပေးထားပါတယ်ရှင့် "

" အဆင်ပြေပါတယ်ဗျ ... အခုပဲ check in လုပ်လိုက်မယ်နော် ညီမ "

" ဟုတ်ကဲ့ ... အခုလည်း ညနေ ၆ နာရီ ပေမယ့် check in လုပ်လို့ ရပါတယ်ရှင့် ... check in , check out time က နေ့လည် ၁၂ နာရီပါ ... မနက်ဆိုရင် အပေါ်ဆုံးထပ်မှာ ၉ နာရီခွဲထိ breakfast က ဘူဖေး စားလို့ပါတယ် ... အခန်းဝန်ဆောင်မှုက ညနေ ၄ နာရီပါ ... wifi က free ပါနော် "

" ကောင်းပြီဗျ ... ဒီမှာတည်းတဲ့ ရက်အတွင်းကတော့ ကျွန်တော်တို့ driver အစ်ကိုကပဲ အချိန်ပြည့်ရှိမှာပါ ... ကျန်တဲ့နှစ်ခန်းက ကျွန်တော်နဲ့ကျွန်တော့်ဧည့်သည်ကတော့ အပြင်ထွက်ပါမှာ "

စစ်မင်းက ပြောစရာရှိတာပြောပြတော့ receptionist က အဆင်ပြပါတယ်ဆိုသည့်သဘောနှင့် ခေါင်းညိတ်ပြပြီး အခန်းသော့ကို ထုတ်ပေးလာသည်။ စစ်မင်းကသာ စီစဉ်စရာရှိတာ စီစဉ်နေပေမယ့် Daniel နဲ့ သူ့ဒယ်ဒီထည့်ပေးလိုက်သည့် ကားဒရိုင်ဘာကိုအောင်ကျော်ကတော့ reception ရှေ့က ထိုင်ခုံမှာငုတ်တုပ်ထိုင်ကာ တောင်ကြည့်မြောက်ကြည့်လုပ်နေသည်။ စစ်မင်းကလည်း စီစဉ်စရာရှိတာစီစဉ်ပြီး reception ကနေ ပြန်လှည့်လာတော့ Daniel က အဆင်ပြေလားဆိုသည့်သဘောနှင့် မေးဆတ်ပြကာ ထိုင်နေရာကနေထလာသည်။

Love Me Like The Way [Completed]Where stories live. Discover now