Part 27

13.2K 1.4K 46
                                    

[Zawgyi]

" ပစ္စည်းတွေ သေချာစစ်ပြီးပြီလား Dan ... ကားပေါ်မှာ ကျန်နေခဲ့ဦးမယ် "

" အကုန်ပါပါပြီ baby ရဲ့ ... ပစ္စည်းက များများစားစားမှ မပါတာကို "

" အင်းပါ ... အဲ့တာဆို ခဏလေးနော် ... ကိုကို taxi ငှားလိုက်မယ် ... ဒီမှာ ခဏစောင့်နေနော် "

" ဟုတ်ကဲ့ "

ပါးချိုင့်လေးပေါ်တဲ့ထိ ပြုံးပြကာ ချစ်စရာကောင်းနေတဲ့ Daniel ရဲ့ ခေါင်းပေါ်က လှိုင်းအတွန့်ဆံနွယ်ညိုညိုလေးတွေကို စစ်မင်းလက်တွေနဲ့ အသာဆွဲဖွပြီး Taxi ငှားဖို့ ထွက်လာခဲ့သည်။ အင်းလေးကနေ ရန်ကုန်ကို ပြန်ရောက်လာပြီမလို့ ကြုံလာရမယ့် အကြောင်းတရား အမျိုးမျိုးကတော့ စစ်မင်းတို့အတွက် မကြာခင်အချိန်မှာ အဆင်သင့် ... မနက် အစောပိုင်းဖြစ်တာကြောင့် ကားငှားလို့အဆင်ပြေတာနဲ့ Daniel ကို ခေါ်ဖို့ပြန်လာတော့ ဆရာသမားလေးက Luggage တွေကြားမှာ မတ်တပ်လေးရပ်ပြီး ဟိုကြည့်ဒီကြည့်နဲ့ ကလေးငယ်လေးသဖွယ် ...

" Dany ~ လာ သွားရအောင် ကလေးလေး ... ကားငှားလို့ရခဲ့ပြီ ... ဘယ်ပြန်မှာလဲ ... company အရင်သွားမှာလား ... အိမ်ကိုပဲလား "

" အိမ်ကိုပဲ ပြန်ချင်တယ် baby ... ဒယ်ဒီ့ကို ကိုယ်ဖုန်းဆက်ထားပြီးသား ... အိမ်ပဲတန်းပြန်လိုက်တော့မယ် "

" ဟုတ်ပါပြီ ... လာ သွားကြမယ် "

ကိုယ်ပိုင် luggage လေးကို ဆွဲကာ ရှေ့ကနေ ထွက်သွားတဲ့ အသေးလုံးလေးကို လိုက်ကြည့်ရင်း Daniel လည်း ကိုယ့် Luggage ကိုယ်ဆွဲပြီး နောက်ကလိုက်ရသည်။ တရွေ့ရွေ့သွားနေတဲ့ ကျောပြင်ငယ်လေးကို ကြည့်ပြီး Daniel သက်ပြင်းချရတာအခါခါ ... ရန်ကုန်ပြန်ရောက်လာပြီမလို့ Daniel ကို ပြုံးပြနေတဲ့ အသေးလုံးလေးရဲ့ အပြုံးတွေက စိုးရိမ်မှုတွေကြောင့် အသက်မဝင်တော့တာ Daniel မပြောလည်းသိနေသည်။ အသေးလုံးလေးနဲ့ ပတ်သတ်လာရင် ဖြေရှင်းရမယ့် ကိစ္စတွေအတွက် Daniel ပြင်ဆင်ထားပြီးသား ...

" အိမ်ရောက်တာနဲ့ နားပြီးအိပ်လိုက်နော် Daniel ... ကားပေါ်မှာ အိပ်လာရတာဆိုတော့ ညောင်းနေမှာ "

" အင်း ... baby ကရော "

" ကိုကိုက ပြန်ရောက်ပြီဆိုတာ agency ကို ပြန်သွားပြောရဦးမယ်လေ "

Love Me Like The Way [Completed]Where stories live. Discover now